Part 2

315 15 0
                                    

🌼❤️ Once Upon A Time 💚🍀

Part 2

" ကိုကိုက surprise ဖြစ်အောင်လုပ်ရုံသပ်သပ်ပဲလေကွာ "

" သိဘူး ဘာမှလာမပြောနဲ့ လိမ်တာကလိမ်တာပဲ "

အသေအချာပဲ hotel ရောက်တော့ အသေအလဲပြန်ချော့နေတဲ့ရှောင်ကျန့်ခမျာ သနားစရာပါ။ ပိတ်ရက်လေးမှာ ဈေးလျှောက်ဝယ်မယ်ဆို‌ပြောပြီးတော့ အခုကမ်းခြေကိုရောက်လာတယ် လာတော့လည်း  သူများကားကို‌ငှားလာတာတဲ့။

" ကိုကိုနော် ဝမ်လေးကလိမ်တာကိုမကြိုက်ဘူးဆိုတာ ကိုကိုမေ့နေတာလား "

" ရော် ကိုကိုမလိမ်ပါဘူးကွာ... surprise တိုက်တာလေ surprise...."

" တော်ပါ surprise တွေ coca cola တွေနားမလည်ဘူး စိတ်ကောက်တယ်...ဆိုဖာပေါ်မှာအိပ် ...ဒါပဲ ...ဟွန့် "

တကယ် ဘေဘီပွစိလေးပဲ။ပြန်ခံလည်းမပြောရဲဘူး ဘာလို့လဲတော့မမေးပါနဲ့ ဟောဒီက‌‌ ရှောင်ကျန့်က ဝမ်လေးကိုချစ်လို့ ဆိုးပါစေဆိုပြီးအလိုလိုက်ထားတာ။

" အင်းပါ....ကိုကိုဆိုဖာပေါ်မှာပဲအိပ်ပါ့မယ် အခုတော့ခြင်ဆေးခွေသွားဝယ်လိုက်ဦးမယ်...တော်ကြာညကျရင်ခြင်ကိုက်နေမှာစိုးလို့ "

ရှောင်ကျန့်က မျက်နှာငယ်လေးနဲ့ပြောတော့ ရိပေါ်ကဘယ်လိုလူပ်စိတ်ကောင်းပါတော့မလဲ။ ချက်ချင်းပဲ စိတ်ပြောင်းသွားကာ

" တော်ပြီ ထားလိုက်တော့ ...ကုတင်ပေါ်မှာပဲလာအိပ်တော့ "

ကုတင်ပေါ်မှာလာအိပ်ဆိုတာနဲ့ မျက်စိတွေက ဘလပ်းဘလင်းဖြစ်သွားတဲ့ရှောင်ကျန့်။အပျော်တောင်မကြာသေးဘူး ရိပေါ်ပြောလိုက်တဲ့စကားကနင့်ခနဲ

" ကိုကို့အကြံကိုသိတယ်နော် .... အသားယူဖို့မစဉ်းစားနဲ့ ဟွန့် ..."

အဲ့ဒီညမှာတော့ ယုန်တစ်ကောင် ဥပုပ်စောင့်လိုက်ရသတဲ့ကွယ် ။စဉ်းစားကြည့်ပါဦး ခြင်ကဘယ်လိုလုပ်ကိုက်မှာတုန်း...ယုန်ကြီးတို့ဦးနှောက်ကတော့ ရွှေချထားသင့်တယ်။ဟိုကလည်း သူပြောသမျှအကုန်ယုံတော့တာပဲ

🍁🍁🍁🍁🍁🍁

" အား... ကိုကို ဝမ်လေးကြောက်တယ် "

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now