Part 12

220 18 2
                                    

Part 12

ခန်းမအတွင်းသို့ ဝင်လာတဲ့ရှောင်ကျန့်က လူအများငေးချင်စရာ တကယ့်ကို ပြောစရာမရှိ အောင်ချောမော့ပြီးခန့်ငြားနေတယ်...ဝတ်ထားတဲ့ suit နဲ့လိုက်ဖက်ရုံသာမက ကိုယ်ရောင်ကိုယ်ဝါတွေပါထွက်နေသလိုပင်....လူအများ၏နောက်ထပ်အားကျစရာက ရှောင်ကျန့်လက်ကို ကိုင်ပြီးလာတဲ့ စင်တီဆီမှာ...လိုက်ဖက်လိုက်တာဆိုသော လူတွေရဲ့စကားသံကတော့ ပွဲအတွင်းပျု့နှံ့လျက်...တကယ်ကတော့ စင်တီ သူ့လက်ကို ကိုင်ပြီးတွဲသွားရတာ မကြိုက်ပါ...လှေကားအတတ်အဆင်းမှာ ဂါဝန်အရှည်ကြောင့်ရော ဒေါက်ဖိနပ်အမြင့်နဲ့ပါပေါင်းပြီးခြေခေါက်ပြီးလဲကျသွားတာကြောင့် အရှက်မကွဲစေရန် ဘေးကနေလက်ကိုကိုင်ခိုင်းပြီး အလိုက်သင့်လေးထိန်းပြီးလာရုံလေးသာ...ပုံမှန်သာဆိုရင် မင်းဟိုဘက်ဘေးကနေ လျှောက် ငါဒီဘက်ဘေးကနေလျှောက်မယ် လို့သာပြောမိမှာ အမှန်ပင်...

ခန်းမအတွင်းသို့ရောက်သည်နှင့် ခုံမှာကျကျနနဝင်ထိုင်ရင်း စင်မြင့်ပေါ်သို့သာလှမ်းကြည့်နေတယ်....ဘေးမှာကတော့ သူနဲ့ကပ်လျက်ထိုင်နေတဲ့ စင်တီ...ခြေထောက်နာနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ လိုက်ကပ်နေတဲ့ စင်တီ ကြောင့် ရှောင်ကျန့်ကတော့သက်ပြင်းကိုခဏခဏသာချမိနေတယ်....

" ဟုတ်ကဲ့ ဒီပွဲကတော့ ထူးထူးခြားခြားတော့သိပ်မဟုတ်‌ေပေမဲ့ ရှောင်း Company ရဲ့ CEO အသစ်ခန့်အပ်ပွဲပဲဖြစ်ပါတယ်...ရှောင်းလူကြီးမင်းရဲ့ကျန်းမာရေးကြောင့် ရှောင်း Company ကို ဦးစီးဦးဆောင်ပြုမဲ့ Sean Xiao ခေါ် ရှောင်ကျန့် ရဲ့CEO ရာထူးခန့်အပ်ပွဲပဲဖြစ်ပါတယ်... သားစင်ပေါ်ကိုတက်ပြီးစကားဘာလေးပြောပါဦးကွယ်..."

စင်ပေါ်ကနေ ပြုံးပြုံးကြီးကြည့်ကာ စကားတွေပြောနေတဲ့ ဒေါ်မေ့တီကြောင့် ရှောင်ကျန့်တစ်ယောက် နည်းနည်းတော့ မသက်မသာဖြစ်မိတယ်...ဒီမိန်းမကြီးပြုံးရငင် တစ်ခုခုကို ကြံစည်ထားတာပဲဖြစ်ရမယ်လို့ ကောက်ချက်ချရင်း စင်ပေါ်ကိုတက်လာမိတယ်...

" ဟုတ်ကဲ့ ကျွန်တော်ကတော့ ရှောင်း Company ရဲ့ CEO အသစ်လည်း ဖြစ်သလို ဆက်ခံသူလည်း ဖြစ်တဲ့ Sean Xiao ခေါ် ရှောင်ကျန့် ပါ...ရှေ့လျှောက်အလုပ်တူတူလုပ်ရမှာဖြစ်တာကြောင့် လူကြီးမင်းတို့ကပဲ ကူညီပေးကြပါဦး ခင်မျ.."

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now