Part 10

209 15 1
                                    

🌼❤️ Once Upon A Time 💚🍀

Part 10

" အလုပ်ကိုသေချာလေး အာရုံစိုက်ပေးပါကွာ...မင်းလူက ပြန်လာခဲ့မယ်လို့ပြောနေတာတောင်..လင်ပူမိနေတဲ့ရုပ်နဲ့..."

" ခွေးကောင်စုတ်...အဓိကက မင်းအလုပ်တွေအချိန်မှိပြီးရင်ရပြီမဟုတ်လား....စကားကိုများတယ်.."

ကျိုးချန်ကတော့ ဘေးနားကတစ်ရှူးဘူးနဲ့ ဝမ်ရိပေါ်ကို ကောက်ပေါက်လိုက်ချင်တော့တယ်...

ဒေါက် ဒေါက် ဒေါက်

" ဝင်လာခဲ့ပါ..."

တံခါးကိုတွန်းဖွင့်ပြီး မျက်နှာမှာ တစ်ခုခုကိုအရမ်းပြောချင်နေတာက်ုထိန်းချုပ်နေပုံရတဲ့ ဟောက်ရွှမ်းကြောင့် ဝမ်ရိပေါ်ကတော့

" ဟေ့ကောင်...မင်းဘာဖြစ်နေတာလဲ..."

ဆိုဖာပေါ်မှာ ဝင်ထိုင်ပြီးတော့ တစ်ခုခုကိုပြောဖို့ခဲဆွဲနေတဲ့ ဟောက်ရွှမ်းကို ရိပေါ်ရော ကျိုးချန်ပါ စိတ်သိပ်မကြည်တော့ဘူး...

" ဟေ့ကောင် လဒူရာ ပြောစမ်းပါကွ ဘာကိစ္စလည်း..."

ကျိုးချန်က အော်လည်းပြောရော ဟောက်ရွှမ်းက ဘာမှပြန်မပြောပဲ လက်ထဲကအထုပ်လေးတစ်ထုပ်ကို စားပွဲခုံပေါ်ပစ်တင်ပေးလိုက်တယ်...ပြီးတော့ ကိုယ့်ဘာသာကိုဖွင့်ကြည့်ဆိုတဲ့ပုံစံမျိုးနဲ့ မျက်ခုံးပင့်ပြလိုက်တယ်...ကျိုးချန်ကတော့ ရှုပ်ရှုပ်ယှက်ယှက်ဆိုပြီး အထုပ်ကိုကောက်ယူကာ ဖွင့်ကြည့်လိုက်တော့ ... မျက်လုံးတွေတောင်ပြူးထွက်သွား...တကယ်ပါပဲ ဆင်ဆာမဲ့တဲ့ မိန်းကလေး‌ပုံတွေ...ရိပေါ်လည်း ပုံတွေကိုကြည့်မိတော့ အဲ့အတိုင်းပဲ...ဪ ဘာများလဲဆိုပြီးကြည့်တော့လည်း ဆင်ဆာမဲ့ပုံတွေလို့ပြောပြီးတော့ ကျိုးချန်နဲ့ ရိပေါ် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးရယ်ကြပါလေရော..

" ဟား ဟား ဟား...မင်းကွာ ဆင်ဆာမဲ့ပုံတွေပြချင်တာပဲ အရေးတကြီးလုပ်နေသေးတယ်..ဟား ဟား ဟား.."

ရိပေါ်က ရယ်သွမ်းသွမ်းနဲ့ပြောတော့ ဟောက်ရွှမ်းကပြာပြာသလဲရှင်းပြတယ်....မျက်နှာကြီးကလည်းနီရဲနေတာပဲ...

" မ..မဟုတ်ဘူး..တကယ်က ငါပြချင်တာအဲ့ပုံမဟုတ်ဘူးကွ...နေပါဦးခဏလေး..."

🌼❤️ Once Upon A Time 💚🍀 Where stories live. Discover now