Chaeyoung တစ်ယောက် Korea မြေကို ခြေချမိသည်နှင့် ဇာတ်ကားတွေထဲကလို စိတ်ကူးယဥ်ဆန်ဆန် လေကို တဝကြီးရှူရှိုက်လိုက်သည်။ Kimchi နံ့များ ရမလားလို့ပါ ။ ဒါပေမယ့် လက်တွေ့မှာတော့ ဒီလေပါပဲ ။ ဘာအနံ့မှလည်း မရသလို ဘာမှလည်းထူးခြားပြောင်းလဲသွားသည်ဟုတ် မခံစားရ ။ သြစီက လေလိုပါပဲလားဟု တွေးမိရင်း ကိုယ့်ကိုယ်ကို ကြောင်တယ်လို့ ထင်ကာ ပြုံးလိုက်မိသည် ။
ဒီမြေဒီလေက Chaeyoung နဲ့ အစိမ်းသက်သက်ကြီး မဟုတ်နေလို့ ကြောက်စိတ်လေး အနည်းငယ်တော့ လျော့မိသည် ။ ငယ်ငယ်က တစ်ခေါက်နှစ်ခေါက် လာလည်ဖူးသည်ကိုး ၊ Omma Appa တို့က Korea စကားကို တွင်တွင်ကျယ်ကျယ် သုံးတတ်အောင် သင်ပေးထားတာကိုပဲ ကျေးဇူးတင်ရမလို ။ အဲ့လိုတွေးမိတော့ သြစီမှာ ကျန်ခဲ့တဲ့ Omma ကို လွမ်းသွားမိသည်။ ဝဲတက်လာတဲ့ မျက်ရည်တွေကို ပုတ်ခပ် ပုတ်ခပ်လုပ်ရင်း စိတ်ကိုတင်းကာ လေဆိပ်အပြင်ဘက်ကို အိတ်တစ်လုံးနဲ့ ဂစ်တာလွယ်ကာ ထွက်ခဲ့လိုက်သည် ။
ဟုတ်တယ် ၊ ဒီလမ်းကို သူရွေးခဲ့တာပဲ ။ သူကိုယ်တိုင် မိဘနှစ်ပါးစလုံးရဲ့ ခွင့်ပြုချက်မရပဲ လုံးဝသဘောမတူသည့်ကြားက သြစီမှာ လာလုပ်တဲ့ Audition ကို မိဘတွေမသိအောင် ခိုးပြီး ဝင်ပြိုင်ခဲ့သည်။ မပါခဲ့ရင်လည်း ကျောင်းပြီးအောင်ဆက်တက်ဘွဲ့ယူပြီး မိဘတွေ ဆန္ဒနဲ့အညီ ပျင်းစရာကောင်းတဲ့ ဥပဒေအရာရှိဝန်ထမ်းဘဝကို ဖြတ်သန်းရမည် ။ ပါခဲ့ရင်လို့ မမျှော်မှန်းမိပေမယ့် သူတကယ်ဝါသနာပါတဲ့ သီချင်းဆိုတာကို ဘဝမှာ တစ်ခါတော့ လူရှေ့သူရှေ့ ချပြချင်ခဲ့သည် ။ သူ့အနုပညာအရည်အသွေး ဘယ်လောက်ရှိလဲဆိုတာ အကဲဖြတ်ခံချင်ခဲ့သည် ။
ထို့ကြောင့်ပင် နောက်ဖြစ်လာမည့် ဘာအရေးမှ မတွေးပဲ ဝင်ရောက်ပြိုင်ခဲ့သည်။ မမျှော်လင့်ပါပဲ Audition အောင်သွားတော့ Chaeyoung တစ်ယောက် ဘာလုပ်ရမှန်းမသိ။ ဒါကြောင့် မိဘတွေကို မျှော်လင့်တကြီးနဲ့ ဖွင့်ပြောခဲ့သည် ။ ခွင့်တောင်းခဲ့သည် ။ သို့သော် Appa နဲ့ Omma က ခါးခါးသီးသီးပဲ ငြင်းဆန်ကန့်ကွက်ခဲ့သည် ။ သူတို့အရမ်းမျှော်မှန်းထားသလိုမျိုး သမီးနှစ်ယောက်လုံးကို Lawyer ဖြစ်စေချင်တဲ့အတွက် ကျောင်းထွက်ရမယ့်အလုပ်ကို လုံးဝခွင့်မပြုနိုင် ။ Chaeyoung အစ်မကတော့ Lawyer ဖြစ်သွားပါတယ် ။
ဒါမဲ့ Chaeyoung ကရော...သူ့အတွက် ဘဝပန်းတိုင်က မိဘတွေရေးဆွဲထားတဲ့ လမ်းကြောင်းမှာပဲ ဂိတ်ဆုံးမှာလား ။ သူ့ဝါသနာကရော ဝါသနာပါခဲ့တယ်ဆိုတဲ့ စကားတစ်ခုအနေနဲ့ပဲ အဆုံးသတ်လိုက်ရတော့မလား ...။
Chaeyoung တစ်ယောက် တစ်ပတ်လောက်ကြာတဲ့အထိ အတွေးတွေ လွန်ဆွဲ ခဲ့ရသည် ။ သူ့ဝါသနာကို အလေးမထားပေးတဲ့ Appa နဲ့ Omma ကိုလည်း စိတ်ဆိုးတယ် ။ Unnie ကတော့ အစထဲက မိဘစကားမလွန်ဆန်ခဲ့သူမို့ Chaeyoung ကိုချော့တာကလွဲရင် ဘာမှဝင်ပြီး မပြောခဲ့ ။
နောက်ဆုံးတော့ Chaeyoung မျက်စိစုံမှိတ်ကာ မိုက်ရူးရဲဆန်တဲ့အတွေး တွေးမိတော့သည် ။ တကယ်လည်း အဲ့အတွေးကို အကောင်အထည်ဖော်ခဲ့ပါတယ် ။ အမွေဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်နေတဲ့ကြားကကို ဒီ Korea မြေကို တစ်ယောက်တည်း ခိုးထွက်လာခဲ့တော့တယ် ။ ဂစ်တာတစ်လုံး အိတ်တစ်လုံးနဲ့ပေါ့ ။ နောက်ကို ပြန်လှည့်မယ့်အတွေး လုံးဝမတွေးပဲ ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာပဲ စိတ်လှုပ်ရှားနေမိတော့တယ် ။Audition အောင်လို့တော့ Korea ရောက်လာပီ ။သူ သီချင်းတွေဆိုရတော့မှာလား ...၊ ဒါမှမဟုတ် Training ကာလမှာပဲ အိမ်ပြန်လွှတ်ခံရမလား ...၊ ဒါတော့ လုံးဝအဖြစ်မခံနိုင်ပါ ။ Appa နဲ့ Omma ကို သူ့ရည်မှန်းချက် မပြည့်မချင်း ရင်မဆိုင်ချင် ။ ဒါကြောင့် ကြိုးစားရမယ် ။
☁️ ...Chaeyoung နင် လုပ်နိုင်တယ် ...
နင့်မှာ ပြန်လမ်းမရှိဘူး ... ရှေ့မှာ ဘာတွေ့တွေ့ ဝင်တိုက်ဖြတ်ကျော်ရမယ် ...အဆိုတော်တစ်ယောက် Idol တစ်ယောက် ဖြစ်ကို ဖြစ်ရမယ် ...☁️အသက် ၁၈ နှစ်အရွယ် ကောင်မလေးတစ်ယောက် လက်ကို တင်းတင်းဆုတ်ကာ လေဆိပ်အဝမှာ ရပ်နေခဲ့သည် ။ ပိုင်ဆိုင်တာဆိုလို့ သူ့ရဲ့ အသံရယ် ဝါသနာရယ် ၊ လွယ်ထားတဲ့ ဂစ်တာလေးတစ်လုံးရယ်ပါပဲ။
ဒါပေမယ့် မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေကတော့ တနင့်တပိုး...။
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...