ပေါ့ပါးနေတဲ့ ခန္ဓာကိုယ်လေးနှစ်ခုက
လေနှင်ရာကို လွှင့်ချင်တိုင်း လွှင့်နေကြတဲ့ စွန်လေးနှစ်ခုလို ၊ လွတ်လပ်စွာ ပျံသန်းနေကြတဲ့ လိပ်ပြာလေးနှစ်ကောင်လို ။
လက်နှစ်ဖက်ကတော့ မြဲမြံစွာ
ဆုပ်ကိုင်ထားသည် ။ မြက်ခင်းပြင်ပေါ်
တစ်ယောက်လက်ကို တစ်ယောက်ဆွဲကာ ပြေးနေကြရင်း ချယ်ရီပန်းပင်ကြီးအောက်လည်း ကြွေကျနေတဲ့ ပွင့်ဖတ်တွေကို လိုက်ဖမ်းလိုက်ကြသေးသည် ။
တွဲထားတဲ့ လက်တွေက မလွှတ်သေး ။
ဖြူလွှနေတဲ့ အဝတ်အစားတွေနဲ့အတူ သူတို့နှစ်ယောက်ရဲ့ အပြုံးတွေကလည်း ဖြူစင်လွန်းစွာ အသက်ဝင်လှသည် ။ခဏကြာတော့ သူတို့နှစ်ယောက်ရှေ့က မြင်ကွင်းတွေ ပျောက်ကွယ်သွားပြီး
လူပင်လယ်ကြီးနဲ့ စတိတ်စင်ကြီး
တစ်ခုရှိရာသို့ ရောက်သွားကြပြန်သည် ။
စင်ပေါ်မှာ မိုက် Stand လေးတစ်ခုက
ထောင်လျက်အနေအထားနဲ့ သူ့ကို သီဆိုမယ့်သူကို စောင့်နေသလိုမျိုး ။" Chae... Soo ကို သီချင်းဆိုပြပါလား "
"အာ... Soo နားထောင်ချင်လို့လား ။ ဆိုပြမှာပေါ့ "
"အင်း... အဲ့ဒါဆို ဟို စင်ပေါ်သွား... အဲ့ဒီမှာ ဆိုပြနော် "
" ဟင်... Soo ရောလိုက်ခဲ့လေ ။ ဒီမှာ လူတွေက အများကြီး လူကွဲသွားလိမ့်မယ် "
" ရပါတယ်... Chae ရဲ့ ။ အရင်ကလည်း Soo ဒီလိုမျိုးစင်အောက်ကနေ
နားထောင်နေကျကို ။ Chae ရယ်.... သွားပါနော် ။ Soo နားထောင်ချင်လို့ပါ ။ ဒီကနေ မျက်လုံးတစ်ချက်မခွာ ကြည့်နေမယ် စိတ်ချ ""အင်း... ပါ ။ ဒါဆို ဒီနေရာက မရွှေ့နဲ့နော် ။ Chae အပေါ်က လှမ်းကြည့်နေမှာ "
"Ok... Ok "
Soo က လက်မလေးနဲ့ လက်ညှိုးလေးဝိုင်းပြကာ အားရပါးရ ပြုံးပြနေသည် ။
Chaeyoung စင်ပေါ်တက်သွားပြီး သီချင်းစဆိုလိုက်သည် ။ အကြည့်ကတော့ Soo ဆီကမခွာ ။ Soo က ထုံးစံအတိုင်း လက်ကလေးပိုက်ကာ ပြုံးကြည့်နေသည် ။
ဒီအချိန် Chae ကို အနောက်ကတစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်သလို ခံစားလိုက်ရ၍ တစ်ချက်ယိုင်သွားသည် ။
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...