" ဒေါက်.... ဒေါက် ""ဝင်ခဲ့ပါ"
CEO အခန်းထဲက အသံကြားမှ Jisoo တံခါးဖွင့်ဝင်ခဲ့လိုက်သည်။
" အော်.. jiji ပါလား ။ မလာစဖူး အလာထူးလို့ ဘာကိစ္စရှိလို့လဲ "
CEO Yang Jisoo ကို ပြုံးပြကာ ပြောလိုက်သည်။
" Nae.... Sarjanim.... jiji မနေ့က ကာကွယ်ဆေးထိုးတဲ့ စာရင်းရယ် ကုန်ကျစရိတ်စာရင်းတွေရယ် လာပေးတာပါ "
Jisoo ခါးလေးကိုင်းကာ စားပွဲပေါ်ကို ဖိုင်လေးတင်ပေးလိုက်သည်။
Yang Hyun Suk က ခေါင်းငြိမ့်ပြကာ ဖိုင်ကို ယူလိုက်သည်။
ခါတိုင်းဆို Byung Hun ကိုယ်တိုင်လာပေးတာပါ... ။ ကြည့်ရတာ ဟိုနေ့က သူပြောလိုက်တဲ့ ကိစ္စကြောင့် မျက်နှာချင်းမဆိုင်ချင်သေးဘူး ထင်သည်။" Arr.... ဟုတ်ပီ... jiji ထိုင်အုန်း... ဦးလေးပြောစရာရှိလို့... "
" Nae... CEO "
"ဟော ... CEO လို့မခေါ်ပါနဲ့ဆို .. jiji ကို ဘယ်လိုပြောထားတုန်း... လူအများရှေ့မှာ မဟုတ်ရင် ရင်းရင်းနှီးနှီးခေါ်ပါဆို... "
" Nae... ဒါမဲ့ Appa က CEO လို့ပဲ ခေါ်ရမယ်လို့ပြောထားပါတယ် ။ ဘယ်လောက်ရင်းနှီးနှီး အလုပ်ရှင်ဆိုတာ လေးစားရမယ်တဲ့ ။ အာ့ကြောင့် CEO ကို CEO လို့ပဲ ခေါ်ပါမယ်... CEO ကြီး "
Jisoo မျက်နှာသေနဲ့ ပြန်ပြောတာကို Hyun Suk စိတ်ပျက်လက်ပျက်သာ ကြည့်နေလိုက်သည် ။
ကျစ်... ပြောမှ ပိုဆိုးနေတယ်.... ။ ခေါင်းမာတာကတော့ Byung Hun နဲ့ တစ်ထေရာတည်းပဲ... ။" အေးးပါ.. ဟုတ်ပါပီ... ကြိုက်သလိုသာ ခေါ်တော့နော် "
" Nae.. HeeHee... "
Jisoo ပြုံးပြကာပြောတော့ Hyun Suk သက်ပြင်းချမိသည်။ ရုပ်ကလေးကတော့ Yoo Won နဲ့တူလို့ တော်ပါသေးရဲ့ .... ။ ဖြူစင်တဲ့ အပြုံးလေးကအစ သူ့အမေနဲ့ တစ်ပုံစံတည်း.. . ။
" CEO ကြီး.... jiji ကို ဘာခိုင်းမလို့လဲဟင် "
" အင်း... ခိုင်းမလို့ မဟုတ်ပါဘူး ။ မေးစရာရှိလို့ "
" Nae.. မေးပါ "
" jiji... Idol မလုပ်ချင်ဘူးလား ။ သီချင်းဆိုတာ ဝါသနာပါတယ်မလား ။ ဆိုလည်းဆိုတတ်နေတာပဲ ၊ ဟင်??? ဦးလေးကိုပြော... jiji ဖြစ်ချင်တယ်ဆို ဦးလေး အကူန်လုပ်ပေးမယ် "
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...