ကုတင်ပေါ်မှာ အပြစ်ကင်းတဲ့ ကလေးလေးတစ်ယောက်လို အိပ်နေတဲ့ Chae ကို Jisoo နဖူးက ဆံစလေးတွေကို ဖယ်ပေးရင်း
ကြည့်နေမိသည် ။
Chae ကို အိပ်ပျော်အောင် စကားတွေပြောပေးပြီး သူကတော့ အိပ်မပျော်နိုင်ပါ ။
နူးညံ့လွန်းတဲ့ Chae ရဲ့ ပါးလေးတွေကို လက်ခုံနဲ့ အသာလေး ပွတ်ပေးကာ
ပြုံးနေမိသည် ။
Chae ရဲ့ ဘာမှမလိမ်းထားတဲ့ Bare Face လေးကို Jisoo အရမ်းသဘောကျသည်လေ ။ စင်ပေါ်မှာဆို အနုပညာဈာန်ဝင်စားတဲ့ နတ်ဘုရားမလေးလို တောက်ပနေပေမယ့် သူနဲ့ဆို စိတ်ခံစားချက်အရမ်းနူးညံ့တဲ့ ပကတိရိုးသားဖြူစင်တဲ့ ကလေးလေးတစ်ယောက်လို အဖြူရောင်လေး ။ ဒီအဖြူရောင်လေးကို ရက်စက်တတ်တဲ့ လူတွေရဲ့ စကားလုံးတွေရဲ့ အရောင်မဆိုးစေချင် ။Jisoo Chae အနားက အသာလေးထကာ အခန်းထဲက ဓာတ်ပုံတွေကို
လိုက်ကြည့်နေမိသည် ။သည်အခန်းက သူ ငယ်ငယ်တုန်းက Appa နဲ့ Omma နဲ့ အတူနေခဲ့တဲ့ အခန်းလေး ။
တစ်နည်းအားဖြင့် Omma ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အခန်းလေးပေါ့ ။ မျက်လုံးထဲ ပေါ်လာတဲ့ အတိတ်ဆိုးကြောင့် အလန့်တကြား မျက်လုံးမှိတ်မိတော့ ပါးပေါ်ကို မျက်ရည်တို့က စီးကျလာသည် ။အခန်းထဲမှာ jiji တို့ မိသားစုသုံးယောက် ဓာတ်ပုံလေးတွေကို စီစီရီရီလေး
ချိတ်ထားသည် ။ ဓာတ်ပုံလေးတွေကနေ Omma ရဲ့ အပြုံးတွေကို တွေ့နေရသည် ။jiji ( 3 )နှစ်အရွယ် ထင်တယ် ။ Omma က jiji ကို ချီပြီး Show တစ်ခုကြည့်နေတာကို Appa က ဘေးတစ်စောင်းအနေအထားနဲ့ ရိုက်ထားတာထင်တယ် ။ ပုံထဲက Omma ရဲ့ မျက်လုံးတွေက စင်ပေါ်ကို ငေးပြီး တောက်ပနေသည် ။
Jisoo နောက်တစ်ပုံကို မျက်စိရောက်မိတော့ ကစားကွင်းတစ်ခုမှာ မိသားစု သုံးယောက် တစ်ယောက်လက် တစ်ယောက်ကိုင်ထားသည် ။ Appa နဲ့ jiji က ပြုံးနေပေမယ့် Omma ကတော့ ဦးထုပ်ခပ်ငိုက်ငိုက်စောင်းကာ မာဖလာကို လည်ပင်းအထက်ထိ ပတ်ထားပြီး မျက်နှာလေးတောင် သိပ်မမြင်ရ ။ အဲ့အချိန်လောက်က jiji ( 5 ) နှစ်လောက်ရှိပြီထင်တယ် ။
ဝိုးတဝါးမှတ်မိတဲ့ Omma က
အပြင်သွားရင် အဲ့လိုပဲ အမြဲဝတ်သွားသည် ။ ဘယ်တော့မှ လွတ်လွတ်လပ်လပ်
ဝတ်စားပြီး မျက်နှာလေးကို
ဖော်ထားတယ်မရှိ ။ jiji မှတ်မိသလောက်တော့ မေးမိမယ်ထင်ပါတယ် ။ ဘာလို့လဲလို့လေ ။ Omma က ဘာမှပြန်မပြောပေမယ့် Appa ကတော့ Ji လေး Omma က အရမ်းလှတော့ Appa စိတ်မချလို့
သူများကြည့်မှာစိုးလို့ အုပ်ထားတာလို့
ရီစရာအနေနဲ့ ပြောခဲ့တာတော့ မှတ်မိသည် ။ အဲ့ဒါဟာ တကယ်မဟုတ်မှန်း Omma ဆုံးပြီးနောက်မှ jiji သိခဲ့ရသည် ။
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...