Track - 13

584 77 2
                                    

Chaeyoung တစ်ယောက်တည်း ဂီတာလေးကို ဒေါင်ဒင်ခေါက်ကာ သီချင်းညည်းနေချိန်ဖြစ်သည် ။

" Cause  if you like...
the way... you look that much...
Ohhh baby you should go and love yourself......
And if you think..... that I'm ....
still holding on..... to something
You should go and love yourself ....."

Practice Room ထဲမှာ သီချင်းဆိုကျင့်ရင်း မပြန်ချင်သေးတာကြောင့် တစ်ယောက်တည်းဆိုနေချိန် ကိုယ့်အသံမဟုတ်တဲ့ နောက်က Harmony အသံတစ်ခုကို ကြားလိုက်ရတော့ ကျောက မတ်ခနဲ ဖြစ်သွားသည်။
နောက်လှည့်ကြည့်လိုက်တော့လည်း
ဘယ်သူမှ မရှိတာမို့ စိတ်ထင်တာ နေမှာပါလေဆိုပြီး အာရုံထည့်ကာ ဆက်ဆိုနေလိုက်သည် ။

" For all the times that you made me feel small...
I fell in love now I fear nothing at all....."

Chaeyoung တီးနေတုန်း နောက်ဆုံးဆိုပေးလိုက်တဲ့ အသံကြောင့် ဒီတစ်ခါတော့ သေချာသွားပြီး...

" Soo Unnie... "

" ဟီးးဟီးး .. ဘယ်လိုလုပ်သိတာလဲ.. ။ ဒီမှာ ပုန်းပြီး ဆိုနေတာကို.. "

" သိတာပေါ့... ဒီအသံကို.... နေအုန်းးး..
စောနကတည်းက Hums
လိုက်နေတာမလား. . ။ လူကို ခြောက်တာပေါ့ ဟုတ်လား... "

" ဟီးးး ဟုတ်တယ်.... Chae က ကြောက်လည်း မကြောက်ဘူး "

" ဟ ဟ.... Chae က သရဲမကြောက်တတ်ဘူးလေ. ။ လူပဲ ကြောက်တာ.. "

" Wowww... ဟုတ်တယ် . Chae မှန်တယ် ။ လူတွေက ပိုကြောက်ဖို့ကောင်းတယ် ။ အာ့ဆို တာ့တာနော် "

Jisoo ခပ်တည်တည်နဲ့ ထပြန်မယ်ပြင်တော့

" ဟင်...  ဘာလို့လဲ.... Unnie ရဲ့ ချက်ချင်းကြီး "

" Chae ပဲ လူတွေကို ကြောက်တယ်ဆို... ။ Unnie က လူလေ ။ အာ့ကြောင့် ကြောက်မှာစိုးလို့ ပြန်မလို့ ..."

Jisoo က ပြုံးစိစိနဲ့ စ လိုက်သည် ။

" အာ.... Unnie ကတော့... ဟီးဟီး.... ။ Unnie က ကြောက်ဖို့မကောင်းပါဘူး ။ ဘာလို့ဆို Unnie က လူမဟုတ်ဘူးလေ. ။ နတ်သမီးလေး "

Chaeyoung စကားကြောင့် Jisoo သဘောကျကာ နားရွက်ကို ကုတ်ပြီး
ရှက်နေသည် ။
Chaeyoung ပြုံးပြီး ကြည့်နေလိုက်သည် ။ ကြည့်ပါအုန်း... ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာ.. ဘာမှမလိမ်းထားတဲ့ မျက်နှာလေးက ကြည်လင်ပြီး ဖြူအုနေသည် ။ ဆောင်းထားတဲ့ Beanie ဦးထုတ်လေးနဲ့လည်း သိပ်လိုက်သည် ။ သူ ဝတ်နေကျ Oversized  Tshirt ကို
ဒီနေ့တော့ အဖြူရောင်လေးဝတ်လို့ ရှင်းသန့်နေသည် ။ ချစ်ဖို့ကောင်းလိုက်တာ .... Unnie ရယ်... ။

💜 HARMONY 💜Donde viven las historias. Descúbrelo ahora