Track - 30

601 63 3
                                    

~~~ I'm coming Home,
I'm coming Home
Tell the world, I'm coming Home
Let the Rain wash away...
All the pain of Yesterday...
I Know my Kingdom  awaits
and They've forgiven my Mistakes
 I'm coming Home, I'm coming Home
Tell the World.... I'm coming....~~~

Chaeyoung စင်ပေါ်မှာ သီချင်းဆိုရင်း မျက်ရည်ကျမိသည်။ ဟုတ်ပါသည်။ သူ အခု Australia နိုင်ငံ Melbourne မြို့မှာ သီဆိုနေခြင်း ဖြစ်သည်။
စင်အောက်က ပရိသတ်တွေက
" WELCOME HOME, ROSÉ " ဆိုတဲ့ Banner လေးတွေ ကိုင်လို့ပေါ့ ။ Chae ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်တစ်ခုပဲ ရှိခဲ့တယ် ။ အဲ့ဒါက Soo ဆီက ချစ်တယ်ဆိုတဲ့ စကား ကြားရတဲ့အချိန် ။ 
အခု နောက်ထပ်ပျော်ရွှင်ရတဲ့
အချိန်လေးတစ်ခု ထပ်တိုးပြန်ပါပီ ။ အခုလို အချိန်မျိုးပေါ့ ။ အထူးသဖြင့်
စင်အောက်ကနေ လက်ခုပ်တီးပြီး အားပေးနေတဲ့ Appa နဲ့ Omma ကြောင့် ပိုပျော်ရပါသည်။ Chaeyoung ရဲ့ ဝါသနာကို သူတို့ လက်ခံခဲ့ပြီလေ ။ အမွေဖြတ်မယ်လို့ ပြောခဲ့ပေမယ့် တကယ်မလုပ်ရက်ခဲ့ကြပဲ တိတ်တဆိတ်အားပေးနေခဲ့ကြသည်တဲ့ ။

Chaeyoung ဒီရောက်ခါစ ကြားကြားချင်းကဆို ယုံတောင်မယုံနိုင်ခဲ့ဘူး ။ အခုတော့ တကယ်မျက်စိရှေ့မှာ သူ့ Appa နဲ့ Omma က လက်ခုပ်တီးပြီး အားပေးနေလေရဲ့ ။

ဘဝမှာ မျက်စိစုံမှိတ်ပြီး လျှောက်ခဲ့တဲ့လမ်းဟာ မှန်ခဲ့ပြီလေ ။

Chaeyoung  ဒီမှာ လာဆိုဖြစ်အောင် World Tour စီစဥ်ပေးတဲ့ CEO ကိုလည်း ပြောမပြတတ်အောင် ကျေးဇူးတင်မိသည်။

ဒါပေမယ့် တစ်ဖက်က စဥ်းစားကြည့်ပြန်ရင်လည်း ချစ်ရတဲ့သူ ဘေးမှာမပါတဲ့
ဒီ World Tour ကို Chae မပျော်ခဲ့တာ အမှန်ပါ ။

အမြဲတမ်း စင်ဘေးကနေ လက်ပိုက်ပြီး ပြုံးကြည့်နေတတ်တဲ့ Soo မှ အနားမှာမရှိတာ ။ စင်ပေါ်က ဆင်းလာလို့ ပုဝါလေးနဲ့ ရေဘူးလေးကိုင်စောင့်နေတတ်တဲ့ Jisoo မရှိတဲ့
ဒီ World Tour နှစ်လတာဟာ Chae အတွက် တကယ်ပင်ပန်းခက်ခဲခဲ့ပါတယ် ။

အရမ်းလည်း လွမ်းတယ် Soo ရယ်.... ။

ဒီအချိန်မှာ ပျော်စရာ ဒီအကြောင်းတွေကို Soo ရင်ခွင်ထဲမှာ ထိုင်ပြီး အားရပါးရ ပြောပြချင်မိတယ်... ။
အဲ့အခါကျရင် Soo က ထုံးစံအတိုင်း ဝမ်းသာလို့ကျတဲ့ Chae မျက်ရည်တွေကို သုပ်ပေးပြီး ပြုံးကြည့်နေအုန်းမှာ.... ။

💜 HARMONY 💜Where stories live. Discover now