Lisa နဲ့ Chaeyoung တို့နှစ်ယောက်
ပွဲပြီးလို့ပြန်လာကြကာ အခန်းထဲတွင် နားနေချိန်ဖြစ်သည် ။
ဒီညမှ အရာအားလုံးက တိတ်ဆိတ်နေသလို ။ ပွဲထဲမှာ နားတွေ အူခဲ့လို့လားတော့မသိ ။Chaeyoung ကတော့ Lisa သူ့အတွက် လေဆိပ်က ဝယ်လာတဲ့ ချောကလက်ကို
တမြုပ်မြုပ်နဲ့ စားနေသည် ။
Lisa ကတော့ ပွဲတုန်းက အကြောင်းတွေ တွေးကာ ငေးလို့ပေါ့ ။☁️ Jennie Unnie ရဲ့ Jisoo Unnie အပေါ်ထားတဲ့ ခံစားချက်ကို အရင်ကတည်းက Lisa သိပါသည် ။ ဒီလိုပဲ .. Lisa လည်း Chaeyoung အပေါ်
ဘယ်လိုခံစားနေရလဲဆိုတာ Jennie Unnie က သိလောက်သည် ။ အရာအားလုံးကို မသိတာက Jisoo Unnie.... ။
တကယ့် Phabo Unnie...
ဒါဆို Chaeyoung ကရော Jisoo Unnie ပေါ် အစကတည်းက ပိုခင်တွယ်တာ Lisa အမြင်ပဲလေ.... အဲ့ဒါတွေက အဖြူရောင်သက်သက်ပဲလား.... Chae ကိုယ်တိုင်ရော သိရဲ့လားးးး.... ☁️" Chaungaa.... Jisoo Unnie အပေါ် ဘယ်လို သဘောထားလဲ.. "
အဆက်အစပ်မရှိတဲ့ Lisa ရဲ့ မေးခွန်းကြောင့် Chaeyoung ကြောင်သွားသည် ။
" ဘာကိုလဲ... Lisa ရဲ့ "
" ဟို... ဟာလေ... Chae က Jisoo Unnie ကို အရမ်းခင်တွယ်တာ LiLi သိလို့လေ ။ အဲ့ဒါ ဘာလို့လဲလို့... "
Lisa အရဲစွန့်ပြီး မေးလိုက်သည် ။
ပြန်ဖြေမယ့် စကားတွေကို
မကြားချင်ပေမယ့်လည်းပေါ့ ..." အင်း... Chae လည်း မသိဘူး ။ Soo Unnie က အရမ်းလှတယ် ။ နွေးထွေးတယ် ။ သူ့ကို မြင်ရင်ကို Chae ရင်ထဲက အလိုလို ပျော်လာသလိုပဲ ။ ပြီးတော့ Soo Unnie အနားမှာပဲ နေချင်တယ်.... Chae ပျော်ရွှင်မှုကို သူ အနားရှိမှ ခံစားမိတာမျိုး..... ဘယ်လိုလဲတော့ မသိဘူး ။ ငါလည်း မပြောတတ်တော့ဘူး.. Lisa ရာ.... "
" အင်း... မပြောတတ်လို့ပဲ.. ပြောတတ်ရင် ငါ မိုးလင်းမလားးလို့... "
" ဟီးးဟီးး နင်ကလဲ... သူပဲမေးပြီးတော့.. ။ နင်ရော ဘယ်လိုမြင်လဲ အဲ့ဒါကို.. "
Chae က ပြန်မေးနေသေးသည် ။
☁️ ငါမြင်တာပေါ့ Chae ရယ်... နင့်မျက်လူံးတွေ နင့်အပြုအမူတွေက အရမ်းဖြူစင်တာလေ.... အာ့ကြောင့် နင့်ကိုကြည့်ရင်းကို နင့်ရင်ထဲကို အတိုင်းသား မြင်နေရတာ... ☁️
YOU ARE READING
💜 HARMONY 💜
Fanfictionသီချင်းတွေကို ပိုပြီး ခံစားသက်ဝင်မှုရှိစေတာ စည်းချက်ညီစေတာ Harmony တဲ့ ဒါဆို သူက နှလုံးသားရဲ့ 💜 HARMONY 💜လေးပဲ သူနဲ့တွေ့မှ နှလုံးသားက အသက်ဝင်လာခဲ့တာ...