Track - 8

630 79 0
                                    

" ကဲ.... ကဲ..... ချောကလက်လေးတွေ
တန်းစီ.... ဒီမှာ ထိုင်မယ်.... "

အသံသြသြနဲ့ ခပ်နောက်နောက်စကားသံကြောင့် ကာကွယ်ဆေးထိုးပေးမယ့် ဆေးအဖွဲ့ပင် ပြုံးစိစိဖြစ်သွားသည်။
စာရင်း Board တစ်ခုကိုင်ကာ ဟိုပြေးဒီပြေးနဲ့ နေရာချနေရင်း အော်ပြောနေတဲ့ Jisoo ရယ်ပါ ။

" အာာာာ... ဒါက ချောကလက်လေးမဟုတ်ဘူး ။ Mandu ကြီး ။ Mandu ... သွား.. ဟိုဘက်လိုင်းမှာ ထိုးလို့ရပြီ "

Jisoo ရှေ့ရောက်လာတဲ့ Jennie ကို စ ကာ နေရာပေးလိုက်သည် ။
ဆေးအဖွဲ့က ဆရာမလေးတစ်ယောက်က ဆေးထိုးဖို့လာထိုင်တဲ့ စူပုပ်နေတဲ့ Jennie ကို နာမည်မေးလိုက်သည်။

" နာမည်က... Jennie Kim . နော် "

" မဟုတ်ဘူး... ဆရာမ... Mandu တဲ့ ဒီမှာ ပါးလေးတွေကိုကြည့်.. ဖောင်းဖောင်းလေး... တူတယ်မလား ဟားးဟားး"

Jisoo စကားဖြတ်ကာ ထပ် စ တော့ Jennie လက်နဲ့ တဖြန်းဖြန်းရိုက်တော့သည်။

" ကဲ.. ဟယ်.... ကဲ... ဟယ်... သူများရှေ့မှာ ဘာလို့ လိုက်စနေတာတုန်း... ။
jiji အစုပ်ပလုတ်..... Jen ကို အဲ့လိုလိုက်ခေါ်ကြရင် ဘယ်လိုလုပ်မလဲ " ( Pout )

" ခေါ်ပစေပေါ့... ။ Mandu ပဲဟာ. "

ပြောရင်း Jen ပါးလေးကို ညှစ်လိုက်သေးသည်။

" Ahhhh... နာတယ်နော် ။ Kim Jisoo.... ဘာမှ... Mandu မဟုတ်ဘူး ။ Carrot လို ရှည်ရှည်လေး. ဒီမယ်ကြည့် "

" ဟားးဟားးးဟုတ်ပါပြီ.. ။ Jen ကြောက်တတ်မှန်းသိလို့ ဘေးက စ ပေးနေတာ...
ကဲ.. ကဲ.. Carrot လေး လက်မောင်းထုတ် "

" အီးးးး.... မြန်မြန်ထိုးနော် ဆရာမ... မနာစေနဲ့နော်.. "

Jennie ပြောလည်းပြော Jisoo လက်ကိုလည်း ဖက်တွယ်ထားမိသည်။
ဆရာမလေးက ဆေးထိုးအပ်နဲ့ ဆေးထည့်ပြီး ထိုးမယ်လုပ်တော့ Jennie မျက်နှာကို Jisoo ခါးနောက်ကို ဖွက်ထားလိုက်သည် ။
လက်တွေက အေးစက်နေတာကြောင့် Jisoo ဆုပ်ကိုင်ထားပေးလိုက်ကာ

" ဆရာမ... သိလားး ။ သူ့မှာ နောက်နာမည်တစ်ခု ရှိသေးတယ်... "

" အော်.. ဟုတ်လား.. ဒီမှာ ရေးထားတဲ့ Ruby Jane ဆိုတာလား. "

" မဟုတ်ဘူး.. ဆရာမရဲ့... "

Jisoo ဆရာမကို မျက်စိတစ်ဖက်မှိတ်ကာ ထိုးတော့. ဟု မေးငေါ့ပြလိုက်ပြီး Jennie နားနားကပ်ပြီး ပြောလိုက်သည် ။

💜 HARMONY 💜Donde viven las historias. Descúbrelo ahora