Track - 26

537 68 0
                                    

" Hello.... Jisoo Unnie ပြော"

" အင်းး... Lisa yaa..
Unnie ဒီနေ့ Chae အနားရှိနေနိုင်မှာမဟုတ်တော့ဘူး ။ Appa ဆေးရုံတက်ရလို့...
အဲ့ဒါ အခု ဘူဆန်ရောက်နေတယ် ။
ဒီနေ့တစ်ရက်လောက်နားပြီး နက်ဖြန်မှ Appa ကိုရော ပြန်ခေါ်လာမလို့... အဲ့ဒါ Lisa Chae နားမှာနေပြီး အားပေးပေးလိုက်ပါအုန်းနော် ။ လိုအပ်တာတွေတော့ Unnie အကုန်စီစဥ်ပေးပြီးသားပါ... တခြားသူတွေကိုလည်း Unnie ခွင့်တိုင်ပြီးပီ ။ Chae စိတ်လှုပ်ရှားနေမှာစိုးလို့ ... အဲ့ဒါ Lisa အနားနေပြီး အားပေးပေးပါနော် "

" ဟင်... Nae... Unnie.. ဦးလေးKim သက်သာရဲ့လား ။ Chaeအတွက်က စိတ်ချပါ ။ ဦးလေးKim က ဘာဖြစ်လို့လဲဟင် "

" အင်း... ဒီတိုင်း နေမကောင်းလို့ပါ .. Unnie ပြန်လာမှပြောပြမယ်။ Chae ကိုလည်း
စိတ်မပူဖို့ ပြောပေးနော်။ Unnie နက်ဖြန် ပြန်လာမှာလို့... နော် "

" Nae... စိတ်ချပါ.. ။ LiLi က သွားဖို့တောင် လုပ်နေပြီ ။ Unnie သာ ဦးလေးKim ကို ဂရုစိုက်လိုက်နော် စိတ်ချ... "

" အင်း... ဒါဆို.. ဒါပဲနော်.. Lisa... ကျေးဇူးတင်ပါတယ် "

" Nae Unnie ... "

Jisoo အသံကို မတုန်မိအောင် ထိန်းကာ Lisa ကို ဖုန်းဆက်ပြောလိုက်ရသည်။ အကုန်လုံးကိုတော့ မပြောချင်ပါ။ Chae သိရင် စိတ်မကောင်းဖြစ်သွားပြီး အလုပ်ထဲ စိတ်မပါမှာ စိုးသည်။ ထို့ကြောင့် မပြောဖို့သာ ဆုံးဖြတ်ထားလိုက်သည်။

Lisa Jisoo ဖုန်းကိုချလိုက်ပြီးနောက် နှင်းဆီပန်းစည်းလေးကို ကောက်ကိုင်လိုက်သည်။

☁️ အင်း... Jisoo Unnie အသံကလည်း တစ်မျိုးပဲ... ဒီနေ့လို နေ့မှကွာ... ☁️

ဦးလေး Kim ဘာမှတော့ ဆိုးဆိုးဝါးဝါးမဖြစ်ပါစေနဲ့လို့ ဆုတောင်းပြီးသာ ထွက်လာခဲ့လိုက်သည် ။

~~~~Clap.... Clap....Clap~~~~

" Wow.... Congratulations Chaeyoung ရ... တော်တယ် ။ နင် က နိုင်ခဲ့ပြီ... "

" ကောင်းကောင်းလုပ်နိုင်ခဲ့တယ် Rosé shi... အရမ်းမိုက်တယ်... တကယ်တော်တယ် "

Stage performance ကို အဆင်ပြေပြေနဲ့ပြီးသွားတာမို့ အားလုံးက ဝိုင်းချီးကျူးနေသမျှကို Chaeyoung Bow လုပ်ပြီး နှုတ်ဆက်နေသည်။

💜 HARMONY 💜Where stories live. Discover now