မှားယွင်းခဲ့သော ချစ်ခြင်း
Part 5ကျောင်းပြန်တက်ရဖို့ သခင်ကြီးကို ကပ်ပြီး ချွေမယ်လို့ စဥ်းစားထားပေမယ့် ယဲ့ရှီး
နဲ့ အတူတွေ့လိုက်တိုင်း စိတ်တိုကာ ....သခင်ကြီးကို အရင်လိုပင် ရှောင်နေမိခဲ့တာ
တစ်ပတ်တောင် ကျော်နေပြီ...ခုလဲ... မိုးချုပ်မှ ပြန်လာသည့် သခင်ကြီးနှင့်အတူ ယဲ့ရှီး ပါလာတာ မြင်လိုက်သည်
ယဲ့ရှီးကလဲ သူ့ကို လုံးဝကြည့်မရမှန်း သူသိသည်.. ဘယ်ကြည့်ရမှာလဲ ပြိုင်ဘက်
လို့ သတ်မှတ်နေမှာကိုးးစိတ်တိုကာ မှောင်သည်အထိ ခြံထဲမှာထိုင်နေပြီးမှ ဗိုက်ဆာသဖြင့် မီးဖိုဆောင်ထဲ
ဝင်ကာမုန့်တွေ ယူစားလိုက်သည်.. မနက်စာ ဆိုရင် သခင်ကြီးနှင့်အတူ စားရပေ
မယ့် ညစာ ဆိုရင်တော့ တစ်ယောက်တည်းစားရတော့ ညစာမစားဖြစ်တာများသည်စားသောက်ပြီး အိပ်ခန်းထဲဝင် အိပ်နေပေမယ့် စိတ်ထဲမှာ မရိုးမရွဖြစ်နေရသည်
စိတ်ပေါက်ပေါက်နဲ့.... ယဲ့ရှီးနဲ့ သခင်ကြီး.သွားနှောင့်ယှက်ဖို့ တွေးကာ အိပ်ယာက
ထလာလိုက်သည်.."ဟွန်း... အိပ်ယာပေါ်မှာ ဘယ်လိုဖြစ်နေမလဲ.. ကြည့်ပစ်လိုက်မယ်... ငါလဲ သူနဲ့
တချိန်မှာ လက်ထပ်ရမယ့်သူပဲ.. ဒီလောက်တော့ လုပ်သင့်တာပေါ့''သခင်ကြီး အခန်းနားရောက်တော့ အိမ်ထိန်းကြီးက သူ့ကို ပြေးဆွဲသည်.. ဟွန်း..
အရင်က ရှောင်းကျန့်မဟုတ်တော့ဘူး... ရမလား.. ဆွဲထားလို့.."သခင်လေး သခင်ကြီးက အိပ်ပျော်ဖို့ခက်လို့... မ.. ''
"ယဲ့ရှီးကျဲ ရှိလို့ ဆွဲထားတာမလား သိတယ်.. ဖယ် ''
သူ.. အိမ်ထိန်းကြီးကို တွန်းပစ်လိုက်ပြီး အခန်းတံခါးကို ဆွဲဖွင့်ကာ ဝင်လိုက်တော့
"ဟင်... ''
ထိုင်ခုံမှာထိုင်လျက် သူ့ကို လှည့်ကြည့်လာတဲ့ ယဲ့ရှီး
အိပ်ယာပေါ်မှာ ပက်လက်အိပ်နေတဲ့ သခင်ကြီးက တံခါးဖွင့်သံကြောင့် မျက်လုံးပွင့်
လာတော့ မျက်နှာမှာ အံ့သြမှုက အထင်းသား"ဘာလဲ ကလေး... ဘာလိုချင်လို့လဲ''
သူ.... ဘာဆက်ပြောရမှန်းမသိ... ယဲ့ရှီးလက်မှာ ကိုင်ထားတဲ့ နာရီချိန်သီးကို မြင်
လိုက်တာနဲ့... အိမ်မွေ့ချနေတယ်ဆိုတာ မေးစရာပင်မလို..

DU LIEST GERADE
မှားယွင်းခဲ့သည့် ချစ်ခြင်း
Fanfictionအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....