မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 14သခင်ကြီးနှင့် သူ့ကိုယ်ရံတော်တွေ အိမ်တော်မှ ထွက်သွားသည်နှင့် သူ... အိမ်တော်
ထိန်းအနီး ယောင်ပေ ယောင်ပေ လုပ်နေမိသည်အိမ်ထိန်းကြီးကလဲ... အိမ်အကူတွေကို စီမံညွှန်ကြားနေတာ မပြီးနိုင်တော့... သူ့ကို
လဲ လှည့်ကြည့် လှည့်ကြည့် လုပ်နေသေးသည်ကျောင်းကလဲ သွားရတော့မည်မို့... စီမံခန့်ခွဲနေသည့် အိမ်ထိန်းကြီးကို စောင့်မနေ
နိုင်တော့ဘဲ.. ကျောင်းလိုက်ပို့မည့် ကားပေါ်သာ တက်လိုက်တော့သည်"အင်း.... ညနေကျရင်တော့.. မေးကြည့်ရမယ် ''
ကျောင်းကြို ကျောင်းပို့သည့် ကားနက်ကလေး ဝမ်အိမ်တော်မှ ဖြေးဖြေးခြင်းမောင်း
ထွက်လာသည်... driver နှင့် ကိုယ်ရံတော် နှစ်ယောက်မှာ စကားမတတ်သည့်အလား
သူလဲ.. တိတ်တဆိတ်သာ လိုက်ပါလာခဲ့တော့သည်ကားလေးရပ်လိုက်သည်နှင့် ကိုယ်ရံတော်တစ်ယောက်က တံခါးကို လာဖွင့်ပေးသည်
သူ... သိပါသည်.. ဒီ ကားလေးနဲ့ ဒီလူတွေအားလုံး သူ ကျောင်းဆင်းချိန်ထိ ဒီနေရာ
မှာ.ရှိနေမယ် ဆိုတာ..သခင်ကြီး.အလုပ်သမားဖြစ်ရတာလဲ မစားသာလှပါ ..
ကျောင်းဝင်းထဲကို ဝင်လိုက်သည်နှင့် သစ်ပင်ကြီးအောက်က ခုံဝိုင်းကြီးမှာထိုင်ကာ
လမ်းကို မျှော်ကြည့်နေသည့် ကျန်းချန်...ကျွန်တော့်ကို မြင်လိုက်တာနှင့် ခုန်ပေါက် ပြေးလွှားလာသည်...ကျွန်တော့်ကိုပြေးဖက်
လိုက်ပြီးမှ"ငါ မင်းကို အရမ်းလွမ်းနေတာ... ''
"ပိုကို ပိုတယ်.. ကျောင်းလေး နှစ်ရက်ပိတ်တာများ ''
"ဟွန်း ...မင်းကတော့.. မင်းဘဲကြီးရှိတော့ ငါ့ကိုဘယ်သတိရမှာလဲ... မင်းနဲ့ငါက ငယ်
တည်းက အမြဲတမ်း မခွဲဖူးပဲ အတူတူ ကြီးလာတဲ့သူတွေလေ.. ငါ့ဘေးမှာ မင်းမရှိ
တော့တဲ့အခါ... ငါဘယ်လိုနေမယ်ထင်လဲ ''ဟုတ်သားပဲ... ကျန်းချန်နဲ့ ကျွန်တော်က ၇နှစ်သားတည်းက အိမ်နီးချင်းဖြစ်ခဲ့ပြီး အရမ်း ရင်းနှီးခဲ့ကြတာ... ကျောင်းမှာရော အိမ်မှာပါ အမြဲတမ်း အတူတူ ရှိခဲ့ကြတာ

VOCÊ ESTÁ LENDO
မှားယွင်းခဲ့သည့် ချစ်ခြင်း
Fanficအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....