မှားယွင်းခဲ့သော ချစ်ခြင်း
Part 6သူ.... ကျောင်းပြန်တက်ခွင့်ရခဲ့ပြီ... အရင်လိုတော့ ကျောင်းကအဆောင်မှာ
နေခွင့်မရပေမယ့်.... အရင်ဘဝကဆို ကျောင်းတက်ခွင့်မရတော့ပဲ ပိတ်လှောင်
ခံခဲ့ရတာ မဟုတ်လားအရင်ဘဝက ဒီလိုအချိန်မှာ ဖျက်ဆီးခံခဲ့ရပြီး အခန်းထဲ ပိတ်လှောင်ခံထားရ
သဖြင့် သခင်ကြီးကို အမုန်းကြီး မုန်းနေခဲ့တဲ့အချိန်တွေပေါ့သူ... အရင်ကဆို... ကျောင်းစာကို အာရုံမရှိဘဲ ချင်းချင်းနဲ့ အဆက်သွယ်ရဖို့သာ
အချိန်တိုင်း ကြိုးစားနေခဲ့တာခုတော့... ရတဲ့အချိန်ကို တန်ဖိုးရှိရှိအသုံးချဖို့သာ ကြိုးစားတော့မှာမို့ ကျောင်းစာ
ကိုသာ အဓိက အာရုံစိုက်ဖို့ ရည်ရွယ်ထားသည်...ကျောင်းလာပို့သည့် driver ပြန်သွားသည်နှင့် ၃လလောက် ဝေးကွာခဲ့ရသည့်
ကျောင်းဝင်းထဲသို့ ပျော်ရွှင်စွာ ဝင်လာခဲ့တော့သည်... ကျောင်းဝင်ဝ မလှမ်းမကမ်း
က သစ်ပင်ကြီးအောက်ကို လှမ်းကြည့်မိတော့..ခုံတန်းလျားပေါ်မှာ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသည့် သူငယ်ချင်း ကျန်းချန် ...
ကျန်းချန်.. ခုချိန်ထိ... သူ.. လာမယ့်လမ်းကို အရင်လို ထိုင်စောင့်နေတာတော့
မဟုတ်လောက်ဘူးမလား"ဟင်... ဟုတ်သားပဲ... ကျန်းချန်လဲ မသေသေးဘူး''
အရင်ဘဝက သူ့အပေါ် အမြဲ ဆူပူတတ်သလို အမြဲ ကာကွယ်ပေးတတ်တဲ့ ကျန်းချန်
ကို.... သူ့ စိတ်ထဲမှာ သိပ်မထားခဲ့ဖူးပေမယ့် သူ့အတွက် အသက်ပေးကာကွယ်သွား
ခဲ့တဲ့အခါကျမှ... သူ နောင်တကြီးစွာရခဲ့တာ..." ကျန်းချန် သေခဲ့ရတာက ဝမ်ရိပေါ်ရဲ့ ကျားကြီး ကိုက်သတ်လိုက်လို့... ငါထွက်ပြေး
တုန်းက လိုက်လာတဲ့ ရှဲခန်းကြီးက ငါ့ကိုကာကွယ်ပေးခဲ့တဲ့ကျန်းချန်ကို ကိုက်သတ်
ပစ်ခဲ့တာ မဟုတ်လား...ဟင့်အင်း.. ဒီဘဝမှာ ငါထွက်ပြေးစရာမှ မလိုတော့တာ ဒါကြောင့် ငါ့အတွက်နဲ့ သူ
သေစရာ မလိုတော့ဘူး''သူ... အတွေးနဲ့.. ကျေနပ်သွားပြီး
"ဟေး.... ကျန်းချန်... ''

ŞİMDİ OKUDUĞUN
မှားယွင်းခဲ့သည့် ချစ်ခြင်း
Hayran Kurguအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....