မှားယွင်းခဲ့သော ချစ်ခြင်း
Part 8"ဒေါက်.. ..ဒေါက် ''
" သခင်လေး အိပ်နေပြီလား... ''
"မအိပ်သေးဘူး.... ''
သူ အိပ်ယာထဲ လှဲကာ စဥ်းစားခန်းဝင်နေစဥ်... အပြင်မှ ခေါ်သံကြားသဖြင့် တံခါးဖွင့်
ကာ ထွက်ကြည့်လိုက်သည်"သခင်ကြီးက ခေါ်ခိုင်းလို့ ''
"သြော်... ဟုတ်ကဲ့... ''
သူ.... အိမ်ထိန်းကြီးနောက်က လိုက်ခဲ့လိုက်သည်..
သခင်ကြီးဆီ သွားတွေ့ချင်နေပေမယ့် မသွားရဲတာနှင့် အတော်ဖြစ်သွားတော့သည်သခင်ကြီး အိပ်ခန်းထဲ ဝင်လိုက်တော့... တစ်ယောက်ထိုင် ဆိုဖာကြီးပေါ်၌
မျက်လုံးမှိတ်ကာ... လှဲမှီပြီး ထိုင်နေသည့် သခင့်ကို တွေ့ရသည်သခင်ကြီးက စိတ်ဖိစီးမှုများတဲ့အကြောင်း ရန်ဉီးလေး ပြောခဲ့တာကို သတိရလိုက်
သည်..."သခင်... ''
တိုးတိုးလေးခေါ်လိုက်တော့ ကျားသစ်တစ်ကောင်လို စူးရှတဲ့ မျက်ဝန်းအစုံ ပွင့်လာသည်
အေးစက် မာကျောနေသည့် သခင်ကြီးမျက်နှာမှာ....အလိုမကျဟန်က အထင်သား
ဘာတွေ စိတ်ရှုပ်စရာ ရှိနေပြန်သည် မသိ..."အင်း... ကလေး... ကိုယ့်နားလာဉီး ''
သူ... သခင့်ဘေးက ဆိုဖာရှည်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး... ဆိုဖာလက်ရန်းပေါ် တင်
ထားသည့် သခင့်လက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်"သခင်... နေမကောင်းသလိုပဲ... ညစာရော စားပြီးပြီလား ''
" အင်း.... ခရီးသွားတဲ့ တစ်ပတ်လောက်က ကောင်းကောင်းအိပ်မပျော်လို့ပါ ''
"Dr ကျိုးချန် ပါသွားတယ် မဟုတ်ဘူးလား..''
"ပါပါတယ်.... ပါလည်း .. အိမ်မွေ့ချပေးပြီး ၃နာရီလောက်ပဲ အိပ်နိုင်တာလေ.. ညလယ်
လောက်ဆို လန့်လန့်နိုးတော့ ထပ်မအိပ်နိုင်တော့ဘူး ''"ဟင်....''
သူ... သခင့်ကို နားမလည်စွာ ကြည့်မိသည်.... ကျွန်တော် သခင့်ဘေးမှာ..အတူ အိပ်
တဲ့ နှစ်ညလုံး သခင် လန့်နိုးတာကို မကြုံခဲ့ဖူးပါ..

VOCÊ ESTÁ LENDO
မှားယွင်းခဲ့သည့် ချစ်ခြင်း
Fanficအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....