Part 26

10K 588 5
                                        

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 26

ပါးနဲ့မားလဲ အသက်ရှင်ခဲ့တယ်... ကျန်းချန်လဲ အသက်ရှင်ခဲ့တယ်
ကျွန်တော်နဲ့ ကျွန်တော့်အရှင်သခင်လဲ အသက်ရှင်ခဲ့ပေမယ့်.. ကျွန်တော့်
နှလုံးသားလေးကတော့... သေဆုံးနေခဲ့ရပြီ

သခင်.. ကျွန်တော့်ကို.. တကယ်ပဲ မေ့ပစ်လိုက်ပြီလား
သူ.. အကြိမ်ကြိမ် သွားရှာခဲ့ပေမယ့်... သခင့်ကို ဒီနေ့အချိန်ထိ.. တွေ့ ခွင့်မရခဲ့

သူ.. စံအိမ်က ထွက်သွားပြီးတဲ့ နောက်တစ်နေ့ကစပြီး ကိုယ်ရံတော်တွေအားလုံး
နှင့် စံအိမ်က ထွက်သွားသည်မှာ ယနေ့အထိ ပြန်ရောက်မလာခဲ့သလို အဆက်
သွယ်ပါ ဖြတ်ပစ်ခဲ့သည်တဲ့

သခင်... ဘယ်ရောက်​နေတာလဲ... ဘယ်တွေကို သွားနေတာလဲ
ဒီလို ဖြစ်မယ်မှန်းသိရင်.. ပါးနဲ့ ပြန်မလိုက်ခဲ့ပါဘူး

သခင့် မျက်နှာကိုသာ နေ့တိုင်းတွေ့ခွင့်ရမယ်ဆိုရင် လှောင်အိမ်ထဲမှာ နေရရင်လဲ
ကျွန်တော် ပျော်နေမှာပါ..

လွမ်းတယ်... သခင်... ကျွန်တော်... သခင့်ကို အရမ်းလွမ်းတယ်
သခင့် စံအိမ်ဘက်ကို မသွားဖြစ်ခဲ့တာ.. ၁၀ ရက်ကျော်နေခဲ့ပြီ

လွန်ခဲ့တဲ့... ၈ လ လုံး.. ကျောင်းပိတ်ရက်တိုင်း .. သခင် ပြန်ရောက်လာနှိုးနဲ့
သခင့် စံအိမ်ဆီသို့... အမြဲသွားပြီး.. အိမ်တော်ထိန်းနှင့် အိမ်အကူတွေ သနား
လောက်အောင်ထိ အိမ်ဝင်ပေါက်ကနေ ထိုင်ထိုင်မျှော်နေတတ်ခဲ့တာလေ

တကယ်ဆိုရင်... သခင် ကျွန်တော့်ကို ဘာမှမပြောဘဲ ခုလို ပျောက်မသွားသင့်
ဘူး မဟုတ်လား....

"သားလေး.... အရမ်းအေးနေပြီ.... အိမ်ထဲဝင်တော့လေ... ''

ညနက်သည်အထိ အိမ်ရှေ့က ချယ်ရီပင်အောက်မှာ... လမင်းကြီးကို မော့ကြည့်
ရင်း လွမ်းဆွတ်နေသည့်.. ကောင်လေးကို မိခင်ဖြစ်သူက သနားကြင်နာစွာ
တွဲထူရင်း.. အိမ်ထဲခေါ်လာခဲ့သည်

အစားမက်သည့် ကလေးလေးဟာ သူ့ချစ်သူ သူ့ကိုထားခဲ့တဲ့နေ့ကစပြီး အစားသိပ်
မစားနိုင်တော့သလို အအိပ်မက်လွန်းတဲ့ ကောင်လေးဟာ... ညနက်သည့်ထိ ချယ်ရီ
ပင်အောက်တွင် ထိုင်နေတတ်ခဲ့သည်

မှားယွင်းခဲ့သည့် ချစ်ခြင်း Where stories live. Discover now