မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 15အိပ်ပျော်နေရာမှ.. အသံတချို့ကြောင့် ... သူ... လန့်နိုးလာရသည်...
သူ..... ဆိုတာ.... အသက် ၁၃နှစ်သားလေး ...ဝမ်ရိပေါ်တိတ်ဆိတ်ငြိမ်သက်နေတဲ့ ညသန်းခေါင်အချိန်မှာ.... နာကျင်စွာ ညည်းညူလိုက်
သံတွေကို.. သူ.... ထပ် ကြားလိုက်ရသဖြင့်... အိပ်ယာမှ တိတ်တဆိတ်ထပြီး..
ထပ်ခိုးကနေ အောက်သို့ဆင်းသည့် တံခါးပေါက်ကို ချောင်းကြည့်လိုက်သည်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် လန့်မအော်မိအောင် ကိုယ့်ပါးစပ်ကိုယ် ပိတ်ထား
လိုက်ရသည်.... သွေးအိုင်ထဲတွင် လဲနေသည့် ပါး နှင့် မား....ပါးကတော့ လုံးဝမလှုပ်တော့သော်လည်း မားက ပက်လက်လဲနေရင်း သူရှိနေသည့်
ထပ်ခိုးတံခါးကို ကြည့်ကာ မသိမသာ ခေါင်းရမ်းပြသည်အနက်ရောင် ဝတ်စုံတွေနှင့် လူ ၃ ယောက်မှာ တစ်ခန်းလုံး ပတ်ရှာနေသည်..
"ဝမ်သခင်လေး လွတ်သွားလို့မရဘူး.... သူ့အခန်းထဲရော သေချာရှာပြီးပြီလား..ဗီရို
တွေထဲရော ဖွင့်ရှာကြ ''သူ... ရံဖန်ရံခါ ပါးမားတို့အခန်းရဲ့ ထပ်ခိုးပေါ်တွင် စာကျက်ရင်း အိပ်တတ်တာ ကံ
ကောင်းသွားခြင်းပင် .. ထပ်ခိုးလှေကားမှာ.ကြိုးလှေကားဖြစ်သဖြင့် သူ..တက်ပြီး
ရင် ပြန်သိမ်းသိမ်းထားတတ်တော့.. ထပ်ခိုးခန်းရှိမှန်း တော်တန်ရုံ မသိကြပေ"သူ့..အိပ်ယာက. အိပ်ထားပုံတောင်မပေါ်ဘူး အစ်ကိုကြီး...တကယ်ပဲ.. အလည်သွား
နေတာနေမှာ... နေရာအနှံရှာပြီးပြီ ''"ဟိုမိန်းမ လီရှောက်မေ ကလဲ ဒီနေ့ ဝမ်သခင်လေးမရှိမှန်း မသိဘူးလားမသိဘူး ''
အားရီ ရှောက်မေက ဘယ်လိုပါလာတာလဲ? ? အားရီက မားညီမ ဝမ်းကွဲ...
"တောက် ...ငါတို့က ကြားက သောက်ပြစ်တင်ခံရဉီးမယ်... သွားမယ်.. ဟေ့ကောင်
တွေ.. ''ထိုလူတွေ ထွက်သွားပြီး... ကားသံကြားရမှ.... သူ .... ထပ်ခိုးပေါ်ကနေ တုန်တုန်ယင်
ယင်.. ဆင်းလာခဲ့သည်... သွေးအိုင်ထဲ လဲကျနေသည့် မား... မျက်လုံးပွင့်လျက်သား
နှင့်ပင်... မလှုပ်တော့ပေ.... မှောက်လျက်လဲနေသည့် ပါးကို ဆွဲကြည့်တော့လဲ မလှုပ်
![](https://img.wattpad.com/cover/270486253-288-k476819.jpg)
YOU ARE READING
မှားယွင်းခဲ့သည့် ချစ်ခြင်း
Fanfictionအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....