မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 16ကျွန်တော်.... သခင့်ကို သနားလွန်းလို့ ရင်ထဲမှာ အရမ်း နာကျင်နေရပါသည်.. ကျွန်
တော် ခံစားခဲ့ရတာထက် အဆပေါင်းများစွာ ကြမ်းတမ်းရက်စက်လွန်းတဲ့ ဘဝမှာ
ကျင်လည်ခဲ့ရမှတော့ သခင် ရက်စက်ကြမ်းကြုတ်တာက အပြစ်လို့ မဆိုသာတော့အဲ့လို ရက်စက်နိုင်ခဲ့လို့သာ သခင် အသက်ရှင်နေရတာ မဟုတ်လား... အရင်ဘဝက
သခင် ကျွန်တော့်အပေါ် ရက်စက်ခဲ့တာတွေကလည်း ကျွန်တော် ဉာဏ်နည်းခဲ့လို့ဆို
တာ... သဘောပေါက်ခဲ့ပါသည်.. ကျားရိုင်းတစ်ကောင်ကို မကိုက် ကိုက်အောင် သူ
လုပ်ခဲ့မိတာလေအိမ်ထိန်းကြီးရဲ့ နောက်ကြောင်းပြန်ချိန်က တော်တော်လေးကြာသွားတော့.. ညပင်
ရောက်နေခဲ့ပြီ.... သခင်ကြီးရဲ့ ကားသံ မကြားရသေးသဖြင့် သခင်ကြီး မရောက်သေး
ကြောင်း သိပါသည်"ခါတိုင်းထက် ပိုနောက်ကျနေတာပဲ... ''
တစ်ခါမှ သခင်ကြီး ဘာလုပ်နေလဲ မတွေးဖူးပေမယ့် ခုတော့ ကျွန်တော် စိတ်ပူတတ်
နေပါရောလား"သခင့် ဖုန်းနံပါတ်လဲ မသိဘူး.... သူ့ကိုယ်ရံတော်တွေ ဖုန်းလဲ မသိတော့ ဘယ်လို
ဆက်သွယ်ရမှာလဲ... ဟင်းးးး ....အေးလေ... ငါမှ ဖုန်းကိုင်ခွင့်မရှိတာကို ''သူ.... ဝရံတာကနေ သခင်ကြီး ပြန်လာမယ့်လမ်းကို ထွက်မျှော်နေရာမှ... အောက်ထပ်
သို့ ဆင်းလာခဲ့လိုက်သည်"သခင်လေး... ဘာလိုလို့လဲ... ''
"အင်း.... သခင့်ကို ဖုန်းခေါ်ချင်လို့.. ''
အိမ်အကူ မိန်းကလေးက သူ့ကို ထူးဆန်းစွာကြည့်ပြီး အိမ်ထိန်းကို သွားခေါ်ပေးသည်
အိမ်က အထိုင်ဖုန်းကို ကျွန်တော် ကိုင်ခွင့်မရှိဘူးလေအိမ်ထိန်းကြီးကတော့ သူ့ကို စိတ်တိုင်းကျနေပုံမျိုးနှင့်ကြည့်ကာ ဖုန်းခေါ်ပေးသည်
"ဝမ်အိမ်တော်ထိန်းပါ အတွင်းရေးမှူး.... သခင်လေးက... သခင်ကြီးနဲ့ စကားပြောချင်
လို့တဲ့....သခင်ကြီး ဖုန်းကိုင်ဖို့ အားရဲ့လား ''အိမ်ထိန်းကြီးက ပြုံးကာ ဖုန်းလက်လွှဲပေးပြီး.... ထသွားခဲ့သည်
ВЫ ЧИТАЕТЕ
မှားယွင်းခဲ့သည့် ချစ်ခြင်း
Фанфикအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....