part 20

10K 603 3
                                        

မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 20

Dr ဝမ်နင်.. ပြန်ထွက်သွားတော့... ကျွန်တော် ဖြစ်ပျက်ခဲ့တဲ့အရာတွေ စိတ်ထဲပြန်
စဥ်းစားမိပြီး သခင်ကြီးကို.... ကျွန်တော် အရမ်းကြောက် လန့်နေခဲ့သည်

"ငါ.. ဒီလိုဖြစ်နေလို့ မရဘူး... ငါ ဒီလို ခံစားနေရရင်.. အရင်ဘဝကအတိုင်း ပြန်
ဖြစ်သွားလိမ့်မယ်... ငါ့မှာ လုပ်စရာတွေ အများကြီး.ရှိသေးတယ်... ငါသန်မာမှ
ရမယ် ''

ကိုယ့်ကိုကိုယ် အားပေးနေမိပေမယ့် မျက်ဝန်းထဲက မျက်ရည်တွေက အဆက်မပြတ်
ကျလာကာ... ဝမ်းနည်းစိတ် ကြောက်ရွံစိတ်ကြောင့် တုန်လှုပ်နေမိသည်..

နောက်ဆုံး ကိုယ့်ဒူးကို ကိုယ်ပိုက်ကာ.. စိတ်ကို လွှတ်ပေးလိုက်ပြီး.သည်းထန်စွာ
ငိုပစ်လိုက်တော့သည်... ဒီကံကြမ္မာကို ပြောင်းပစ်ဖို့... ကျွန်တော် ကြိုးစားနိုင်ပါ့
မလား... တကယ်တော့ ကျွန်တော်က အရွယ်မရောက်သေးတဲ့ ကောင်လေးတစ်
ယောက်ပဲလေ...

သူ... အားရအောင် ငိုပြီး... စိတ်ကို ပြန်တင်းကာ.. အိပ်ယာထဲမှာ.လှဲအိပ်လိုက်သည်

"ငါ့မိဘ ငါ့သူငယ်ချင်းနဲ့ တခြားလူတွေကို ကယ်တင်ဖို့ ငါ..သန်မာဖို့လိုတယ်..
ရှောင်းကျန့်.... မင်း...လုပ်နိုင်ပါတယ် ''

****
သခင်ကြီး ဆေးရုံသို့ ရောက်လာသည့် အချိန်တွင်... သူ့စိတ်သူထိန်းနိုင်ခဲ့ပြီ ...

"ကလေး.... နေရတာ သက်သာလား ''

နတ်ဆိုးကြီးရဲ့ နုညံ့တဲ့ စကားသံကို ကျွန်တော် မကြည်နူးနိုင်ပါ... နတ်သားတစ်ပါး
ကဲ့သို့ ချောမောလွန်းလှတဲ့ ရုပ်ရည် မျက်နှာဖုံးရဲ့ နောက်မှာ ကြမ်းကြုတ်ရက်စက်တဲ့
နတ်ဆိုးမျက်နှာ ရှိနေခဲ့တာ.ကျွန်တော်.. သိခဲ့ပြီပဲ

ဒါပေမယ့် ကျွန်တော့်စိတ်ကို အလိုလိုက်လို့မဖြစ်ဘူးလေ.... ဆိုးရွားတဲ့ ကံကြမ္မာကို
တွန်းလှန်ဖို့က ကျွန်တော့် စိတ်နှင့် သက်ဆိုင်နေသည် မဟုတ်လား

"ဟုတ်ကဲ့.. သိပ်မနာတော့ဘူး.. သခင် ''

"သက်တော်စောင့်တွေ အားလုံး အပြင်ထွက်ခိုင်းထားတာလား ကလေး''

မှားယွင်းခဲ့သည့် ချစ်ခြင်း Donde viven las historias. Descúbrelo ahora