မှားယွင်းခဲ့သည့် ချစ်ခြင်း
Part 24
ဒီနေ့ တစ်နေကုန်.. သခင်နှင့် မတွေ့ရ....
စီရွှမ်းကို... ဖမ်းခေါ်သွားပြီး.... ဘာလုပ်လိုက်လဲ.. မေးချင်လှပြီ
ညနေပိုင်းလောက်မှ ခြံဝင်းတွင်း....သခင့်ကားနှင့် ကိုယ်ရံတော်တွေကားတွေ
ဝင်လာသဖြင့်.... အိမ်ပေါက်တွင် ထွက်ကြိုမိသည်
ကားပေါ်က...ဆင်းလာပြီး... သူ့ကို တွေ့တော့ သခင့်မျက်ဝန်းလေးတွေ
လင်းလက်သွားသလိုပင်...
သခင်က.. ကျွန်တော် ထွက်ကြိုတာကို သဘောကျတယ် ထင်ပါရဲ့
"ကလေး... ကိုယ့်ကို စောင့်နေတာလား ''
"ဟုတ်ကဲ့... မနက်ကလဲ.. မတွေ့လိုက်ရတော့...''
ပြောရင်း.... ရှက်သွေးဖြာပြီး.. ခေါင်းငုံ့သွားသည် ... ချစ်ဖို့ကောင်းလိုက်တာ
ဒီလောက် ဖြူစင်တဲ့ ကလေးကို.. သူတို့မို့ သတ်ဖို့ ကြံစည်ရက်တယ်...
"ကိုယ်.. ရေချိုးလိုက်ဉီးမယ်... ပြန်ဆင်းလာခဲ့မယ်.. ခဏစောင့်နော် ''
"ဟုတ်ကဲ့... ''
သူ.... ပြုံးကာ... ကောင်လေးရဲ့ ခေါင်းလေးကို ခပ်ဖွဖွလေး ပုတ်ပြီး.အပေါ်ထပ်
တက်ခဲ့သည်
ကိုယ်ရံတော်တွေနဲ့ အိမ်ထိန်းကြီးကတော့... ရှောင်းကျန့်ရှေ့တွင်ဆို အလွန်နုညံ့
သိမ်မွေ့သွားတတ်တဲ့ သခင်ကြီးကို အံ့သြလို့မဆုံး
သူတို့နဲ့ နှစ်ပေါင်းများစွာ အတူနေလာခဲ့တာ စကားကို လိုတာထက် တစ်လုံးမှ ပို
မပြောသလို... ပြောရင်လဲ... မာတောင့်အေးစက်နေတဲ့ အသံကြီးနဲ့....
ကြည့်ရင်လဲ.. သားရဲတစ်ကောင်လို မျက်လုံးမျိုးနဲ့ စူးစူးရဲရဲ ကြည့်တတ်တာ
ရှောင်းကျန့် ဆိုတဲ့ အကောင်ပေါက်လေးကလဲ
ရောက်ခါစကတော့... ဂျစ်ကန်ကန် ပေစောင်းစောင်း တကယ့် ငမွှေထိုးကောင်လေး
ခုကျတော့.. သူ မဟုတ်သလိုပဲ
ပြောင်းလဲ သွားတဲ့ သူတို့နှစ်ယောက်ကို.. နားမလည်နိုင်ကြသလို
ခုလို ပြောင်းလဲသွားတာကပဲ.. သူတို့အတွက် နတ်ပြည်ရောက်သွားသလို ဖြစ်နေ
တော့.. ကျေးဇူးပင် တင်ရသေးသည်
*****
"သခင်လေး.... သခင်ကြီး ခေါ်ခိုင်းလိုက်တယ် ''
KAMU SEDANG MEMBACA
မှားယွင်းခဲ့သည့် ချစ်ခြင်း
Fiksi Penggemarအသက် သေဆုံးသည်အထိ သစ္စာရှိစွာ ချစ်ခဲ့ပြီးမှ အသက်တစ်ဖန် ပြန်ရှင်သန်လာတဲ့အချိန်မှ ယုံကြည်ခဲ့တဲ့ ချစ်ခြင်းဟာ မှားယွင်းနေခဲ့မှန်း သိလိုက်ရသောအခါ.....
