Part-6🌟
[Unicode]"ဟဲ့ ဒီမှာ လူရှိနေတာ နင်မမြင်ဘူးလား...တန်းစီပီးယူရတာဟဲ့...ခုလိုလုပ်စရာလား နင့်မှာယဉ်ကျေးမှုမရှိဘူးလား"
"ငါလဲဗိုက်ဆာလို့နင်တို့တန်းစီတာမစောင့်နိုင်တော့လို့ ကြားဖြတ်လိုက်တာလေ ဘာလဲ မရဘူးလား"
"နင်တယောက်တည်းဗိုက်ရှိတာမဟုတ်ဘူး...ငါတို့လဲဗိုက်ရှိလို့ဗိုက်ဆာတယ်"
"ငါဘာကောင်လဲနင်မသိဘူးလား"
"နင့်အပြုအမူတွေကသက်သေပြနေပီမလို့ နင်ကဘာကောင်လဲဆိုတာ နင်မပြောလဲ ငါသိနေပီထင်တယ်"
"ဘာ!!! မင်းတော့"
.
.
.
.
."အဒေါ် ကျွန်တော့်ကို ထမင်းထည့်ပေးပါ"
စားသောက်တန်းမှာ အချင်းများနေကြတဲ့ ကျောင်းသားနဲ့ကျောင်းသူနှစ်ယောက်ကြားထဲ ဖြတ်ဝင်လာတဲ့ Jake...သူတို့နှစ်ယောက်ကြားထဲတိုးဝင်ကာ ပန်းကန်ကိုယူ၍ စားစရာတွေသူ့ထဲထည့်ပေးရန်အေးအေးဆေးဆေးနဲ့ပင်ပြောလို့နေသည်။
စားဖိုဆောင်မှ အဒေါ်ကြီးက ထမင်းပန်းကန်ကမ်းပေးလာတော့ သေချာလေးယူလိုက်ကာ...တဖက်ကျောင်းသားနှင့်ရန်ဖြစ်နေပါသော တရှုးရှုးတရှဲရှဲနှင့်ဒေါသထွက်နေပါသော ကောင်မလေးဆီသို့ ပန်းကန်အားကမ်းပေး၍..."ရော့...ယူလိုက် မင်းအလှည့်မလား"
Jake ကမ်းပေးသောပန်းကန်အား ထိုကျောင်းသူက ယူလိုက်သည်နှင့် Jake ထိုနေရာမှ ချာခနဲလှည့်ထွက်လာကာ သူ့မူလတန်းစီရာနေရာဆီသို့ ပြန်ထွက်သွားလေသည်။
ကျောင်းသူမှာလဲ ပန်းကန်လေးကိုင်ထားလျှက်အူကြောင်ကြောင်လေးရပ်ကျန်လို့နေလေသည်..."တောက်!!! ဒီကောင်ကဘာကောင်မို့လို့ ငါတို့ကြားထဲဝင်ရှုပ်သွားရတာလဲ"
"ဟျောင့်...NI-KI တော်တော့ စားချင်စိတ်မရှိတော့ဘူးကွာပြန်ကြမယ် မင်းလဲစိတ်လျှော့တော့"
သူမနဲ့ ရန်ဖြစ်ထားသော အကောင်ဆီမှ အသံထွက်လာမှသာ သူမ အသိပြန်ကပ်တော့သည်။ ထိုကျောင်းသားအား ခနဲ့သလိုတချက်ပြုံးပြခဲ့ရင်း သူမလဲထိုနေရာမှ ထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/267308158-288-k186604.jpg)
YOU ARE READING
MY LIGHT [ Completed ]✅✅
Fanfiction[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...