🌟Part-5🌟

298 44 6
                                    

Part-5🌟
[Unicode]




"မင်း ဒါဘာလုပ်မလို့လဲ"

Jayနဲ့ သူမတို့နှစ်ယောက်အနားလေး အမောတကောပြေးလို့လာပါတဲ့ Jake...Jayနံဘေးမှ သူမကို Jakeကသူ့ဘက်သို့ဆွဲယူလိုက်သည်။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပီး လက်တဖက်က Jay​၏အင်္ကျီကော်လံစကိုဆွဲကိုင်ကာ ဆွဲထိုးတော့မယ့် မျက်လုံးတွေနဲ့ စူးစူးဝါးဝါးစိုက်ကြည့်လို့နေသည်....

"အိုးဟိုး...စိတ်လျှော့ပါ ငါ့ညီရာ...ငါ့ကိုဆွဲထိုးတော့မလို့လား...ငါဘယ်သူလဲ မင်းမသိဘူးလား"

"ငါ့အမကို လာရန်စနေရင်တော့ မင်းကဘာကောင်ကြီးဖြစ်နေနေ ငါဂရုမစိုက်ဘူး"

"ခုတော့ ငါ့ကိုအင်္ကျီစကိုကိုင်ထားတဲ့ မင်းလက်တွေခနလောက်လွှတ်ပေးပါဦး"

ခုထိမလွှတ်သေးပါတဲ့ Jake..

သူမအာရုံထဲ Jake တယောက် Jay Oppa ကိုခုထိမလွှတ်သေးဘူးဟုခံစားနေရတာကြောင့် သူမမောင်လေး​၏လက်မောင်းတွေကိုဆွဲလှုပ်ရမ်းကာ...

"Jake ရန်မဖြစ်နဲ့လေ လွှတ်ပေးလိုက်"

"Noona...ဒါ Noona ကို အထက်ဆီးကပြောထားတဲ့သူနော် ဘာလို့သူနဲ့အတူရှိနေရတာလဲ"

"Jake..."

"မင်းငါ့နာမည်ကိုခေါ်စရာအကြောင်းမရှိဘူး"

Jay က Jakeရဲ့နာမည်ကိုခေါ်လိုက်တာကြောင့် ပိုလို့ပင်ဒေါသထွက်သွားပီး ကော်လံစကို အခုနကထက်ပိုလို့ပင်တင်းတင်ကြပ်ကြပ်ဆုပ်ကိုင်ထားသည်...

"အေးပါကွာ...ငါမင်းအမကို ဘာမှမလုပ်ပါဘူး အခုနတုန်းကကိစ္စတွေအတွက် လာတောင်းပန်တာပါ"

ထိုအခါမှ မယုံချင်ယုံချင်အကြည့်များဖြင့် ကော်လံစကိုကိုင်ဆွဲထားသော သူ့လက်များဖြေလျော့သွားသည်။

"Noona ဒီကောင်ပြောတာဟုတ်လား"

"အင်း သူကလာတောင်းပန်တာ...အဲ့တာကြောင်​့ နင့်ကိုလျှောက်မလုပ်ပါနဲ့ဆိုနေ"

သူမရဲ့ဖြေစကားကြောင့် Jake သက်ပြင်းတချက်ချလိုက်ကာ Jay ကိုတဖန်ပြန်ကြည့်ရင်း...

"မင်းငါ့အမကို ဒီနေရာခေါ်ခဲ့တာလား"

"မဟုတ်ဘူး...ငါ့ဘာသာငါလာတာ...သူကငါ့ကိုတွေ့လို့တဲ့"
သူမက လက်လေးတွေ ယမ်းခါ၍ အလျှင်အမြန်ဝင်ရောက်ဖြေလေသည်...Jake ကမျက်မှောင်ကျုံ့လိုက်ရင်း...

MY LIGHT [ Completed ]✅✅Onde histórias criam vida. Descubra agora