Part-25
( Unicode )စားပွဲခုံထက်မှ ဓါတ်ပုံလေးကိုမြင်တွေ့မိပြီးသည့်နောက် သူမရဲ့ နှလုံးသားနဲ့ ဦးနှောက်နှစ်ခုလုံးရဲ့ အလိုရှိရာက ပတ်ဂျုံဆောင်းထံအပါးသို့သာ။ ပျက်ယွင်းနေသော မျက်နှာအနေအထား, ထူးဆန်းတဲ့ အမူအရာတွေနှင့် ထိုအိမ်မှ ပြာပြာသလဲထွက်လာခဲ့သော သူမကို ပတ်ဂျုံဆောင်း၏ကြီးမေဖြစ်သူက ဘယ်လိုထင်မြင်ယူဆသွားမည်လဲတော့မသိပါ...ထိုအထင်အမြင်တွေအပေါ် ဂရုစိုက်ဖို့အသိစိတ်လဲ ရှိမနေတော့ပေ...သူမရဲ့စိတ်အာရုံတစ်ခုလုံးဟာ ရူးနှမ်းသွားသကဲ့သို့ ဗြောင်းဆန်၍ ယောက်ယက်ခတ်နေခဲ့တယ်ဆိုတာ လိမ်နေရက်ခဲ့တဲ့ ထိုလူကို သိစေချင်မိပါရဲ့...သူနဲ့ ပက်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဒီအချစ်အပေါ် သူမ ဘယ်လောက်တောင် အရူးအမူးဖြစ်နေသလဲဆိုတာကိုပေါ့။
အငှားယာဉ်မှာ သူမတို့ ကုမ္ပဏီအရှေ့သို့ ဆိုက်ရောက်ပြီဆိုသည်နှင့် အလျှင်လိုနေတဲ့ စိတ်အစဉ်ကြောင့် သူမရဲ့ ခြေလှမ်းတွေဟာ သွက်လက်အားပြင်းစွာပတ်ဂျုံဆောင်းရှိနေရာသို့ ဦးတည်နေခဲ့သည်။
MDရဲ့ ရုံးခန်းရှိရာ အထပ်လွှာကိုရောက်လာတော့ သူမရဲ့လှုပ်ရှားမှုတွေဟာ ဆက်လက်မရွေ့လျားမိဘဲ ရပ်တန့်နေရသည်။ သူမရဲ့ နံဘေးမှ ဖြတ်သန်းသွားကြတဲ့ တချို့ဝန်ထမ်းများရဲ့ မျက်လုံးတွေအောက် ယခုသူမရဲ့ အခြေအနေအမှန်ကို မရိပ်မိအောင် ဖုံးကွယ်ထားရသည့်အပြင် လူအများရှိရာ ရုံးအတွင်းထဲမှာမို့ ငိုပစ်ချင်တဲ့ စိတ်တွေကို ချုပ်တည်းထားရတာ သိပ်ကိုမှ ပင်ပန်းလွန်းပါသည်။
အစီအစဉ်မကျစွာ ပြင်းထန်စွာ ခုန်လှုပ်နေသော နှလုံးသားလေးကို ထိန်းချုပ်ရင်း ကော်ရစ်တာကို ဖြတ်လျှောက်လာခဲ့သည်။ ပတ်ဂျုံဆောင်းယူလာခိုင်းတဲ့ ဖိုင်တွဲအပြာလေးကို ရင်ခွင်ထဲတင်းကြပ်စွာ ဖက်ကိုင်ထားမိသည်နှင့်အတူ ချစ်ရသူနှင့်အတူရှိခဲ့တဲ့ နေရာလေးမှ နှစ်ယောက်တွဲဓါတ်ပုံဟောင်းလေးကိုလဲ Byeol သူမနှင့်တစ်ပါတည်း ယူဆောင်လာမိလေသည်။
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
သူကိုယ်တိုင် ဝင်ပါရမည့် ကြီးကြီးမားမားအလုပ်ကိစ္စလဲမဟုတ်ပါဘဲ ဂျုံဆောင်း ဘူဆန်က စက်ရုံသို့ရောက်လာခဲ့သည်။
ESTÁS LEYENDO
MY LIGHT [ Completed ]✅✅
Fanfic[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...