Part-4🌟
[Unicode]"Noona လက်က အဆင်ပြေလား...ကျွန်တော်သေချာကြည့်မယ်"
Jake တယောက်ပြောပြောဆိုဆိုနှင့် သူမလက်ကိုဆတ်ခနဲဆွဲယူကာ အပူလောင်ဒဏ်ရာကိုကြည့်ရှုစစ်ဆေးလို့နေပြန်သည်..ဒီကောင်လေးက သူ့ကိုသူဆရာဝန်ထင်နေသလားဟုပင် သူမတွေးမိသည်။
"ရပါတယ် Jakeရယ်...အဆင်ပြေတယ် အဲ့လောက်မနာတော့ပါဘူး"
"ဘာအဆင်ပြေတာလဲ...ပြန်ခါနီးကျ ပလာစတာဝယ်သွားဦးမယ်...ခုတော့ မေမေ့အတွက်လိုအပ်တာတွေပြောမယ့် ဒေါက်တာ့စကားနားထောင်ရဦးမယ်"
မေမေက ဆေးစစ်အခန်းထဲမှာမို့ သူမတို့မောင်နှမနှစ်ယောက် အခန်းအပြင်ဘက်ခြမ်းက ခုံတန်းလျားတွေ၌သာ ထိုင်ကာစောင့်နေကြသည်။
သူမ Jake ရဲ့အနားလေးကိုပိုလို့တိုးကပ်ထိုင်လိုက်ပီး သူ့လက်မောင်းလေးတွေကို ဆုပ်ကိုင်လိုက်၍.."ဟဲ့ ...နင်ခုနက ကိစ္စကို မေမေ့ကို သွားမပြောနဲ့နော်"
"ပြောသင့်ရင်ပြောရမှာပဲ..လွန်တာ အဲ့ကောင်လေ"
"တော်ပါတော့ စိတ်ကိုလျှော့ပါနင်ကလဲ..."
"Noona ကလဲဘာလို့ငြိမ်ခံနေတာလဲ ပြန်ပြောလေ ပါးစပ်ပါတာပဲ ကျွန်တော့်အမကို အဲ့လိုအထက်ဆီးက လာအော်ငေါက်တာကျွန်တော်လက်မခံနိုင်ဘူး..သူ့သူ သူဌေးသားကြီးဖြစ်လို့နေနေ ဂရုမစိုက်ဘူး"
"ငါက မျက်လုံးမှမမြင်တာ...သူ့ကို ဘယ်လိုအင်အားနဲ့ ပြန်ခံပြောရမှာလဲ"
"အဲ့တာ Noonaအပြစ်မှမဟုတ်တာ...ကိုယ်မှန်တယ်ဆိုရင်ပြန်ခံပြောရမှာပဲ...Noona ကအဲ့လိုပျော့ညံ့နေလို့မဖြစ်ဘူးလေ...Noona မှာလဲ လုပ်နိုင်တဲ့အစွမ်းအစတွေအများကြီးရှိနေတာကို ဘာလို့အမြဲအားငယ်စိတ်တွေမွေးနေရတာလဲ...အဲ့ လူဆိုးလိုမျက်နှာထားနဲ့အကောင်ကလဲ သူပဲမှားပီး တစက်ကလေးမှတောင်မတောင်းပန်ဘူး မကျေနပ်ဘူး အဲ့ကောင်ကို..Noona က ဘာမှမဟုတ်ဘဲ ကြားထဲကတောင်းပန်နေလို့ ကျွန်တော်က ပိုအသဲပေါက်တာ"
"ကဲ တော်ပါတော့ဆို"
"လူနာရှင်နဲ့ ပက်သက်တဲ့ သူတွေအခန်းထဲဝင်လာလို့ရပါပီနော်"
![](https://img.wattpad.com/cover/267308158-288-k186604.jpg)
STAI LEGGENDO
MY LIGHT [ Completed ]✅✅
Fanfiction[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...