🌟Part-9🌟

310 41 10
                                    

Part-9🌟
[Unicode]




"Byeol ဒီမှာထိုင်စောင့်နေမယ်မလား"

"ဟုတ် တီချယ်...တီချယ်တို့အေးဆေးလုပ်ပါနော်...ပီးတော့ကျေးဇူးတင်ပါတယ် အပြင်ခေါ်လာပေးလို့"

"ရပါတယ် Byeol ရယ်"

SuperMart ဆိုတဲ့နေရာကို သူမရောက်လာခဲ့ချေပီ...ထိုအထဲသို့ သူမဝင်လိုက်သည်နှင့် အေးစိမ့်စိမ့်လေတို့ကို သူမကိုကြိုဆိုနေခဲ့သည်...တီချယ့်ကိုမေးကြည့်တော့ လူအများဈေးဝယ်ရာနေရာမို့ အေးအေးဆေးဆေးဈေးဝယ်လို့ရအောင် Aircon မှအအေးဓါတ်များလွှတ်ပေးထားသည်တဲ့...

ယခုတော့ တီချယ်တို့က ​ဈေးဝယ်ဝင်နေကြသည်မို့ သူမကတော့ ထိုဆိုင်လေးရှေ့ကခုံတန်းလျားလေး၌ထိုင်ကာ တီချယ်တို့ကိုစောင့်လျှက်...

သူမထိုင်နေရာ ထိုင်ခုံတဖက်ခြမ်းဆီမှ အိခနဲခံစားလိုက်ရသည်...အများထိုင်ရာခုံမို့ လူတယောက်လာထိုင်တာ
မထူးဆန်းပေမဲ့ ထူးဆန်းသည်က ထိုသူရဲ့အနံ့...ဒါသူမ အလွတ်ရနေခဲ့တဲ့ Jay Oppa ရဲ့ ရေမွှေးရနံ့ပေ...သေချာပါသည် ဘေးကလူက Jay Oppa သေချာသည်...သို့ပေမဲ့ Oppa က ဒီနေရာကိုလာပါ့မလား...ထိုသူဟာ Jay Oppa လားဆိုတာကို သူမ သိချင်စိတ်တွေပြင်းပြနေမိသည်...
ထိုသူအားမေးဖို့ရန်လဲ တွန့်ဆုတ်နေမိသည်...တော်ကြာ မဟုတ်ခဲ့ပါဘူးဆိုရင် သူမပဲ အားနာခြင်းနှင့်အတူအရှက်ရပေလိမ့်မည်...ရေမွှေးနံ့ဆိုတာလဲ Oppa တယောက်တည်းအဲ့တာ သုံးတာမှမဟုတ်တာပဲလေ။

နောက်ဆုံး သူမသိချင်စိတ်တွေထိန်းမထားနိုင်တော့တာမို့ ဖြစ်ချင်ရာဖြစ်ဆိုပီးစိတ်ကိုတင်းထားကာ...

"ဟိုလေ...ဒီဘက်ကတယောက်က Jay Oppa လားဟင်"

"မဟုတ်ပါဘူး ညီမ"

အသံကလဲ မတူကွဲပြားစွာထွက်ပေါ်လာသည်...Oppa ရဲ့အသံထက်ပိုဩရှတဲ့အသံကြီးပင်။ မမေးခဲ့ရင်အကောင်းသားပင် ခုတော့ မဟုတ်ဘူးတဲ့...တဖက်ကို ထုံးစံအတိုင်းသူမအားနာရပီလေ။

"အော်..ဟုတ်ကဲ့ တောင်းပန်ပါတယ်နော်"

ထိုအနံ့ပိုင်ရှင်ဟာ သူမအနားမှ ယခုအချိန်ထိ မသွားသေးပါပေ...သူမနံဘေးသို့ နီးကပ်လာသော လှုပ်ရှားမှုတခုနှင့်အတူ နှာခေါင်းထဲသေချာတိုးဝင်လာပါတဲ့ထိုရေမွှေးနံ့ကြောင့် ထိုသူစိမ်းသူမအနားသို့လာနေပီဟု စိတ်အာရုံကသိလိုက်ရသည်။ သူမလဲမသိမသာရွေ့ထိုင်လိုက်သည်...စိတ်ထဲကတော့ ကြောက်ကာအားငယ်နေမိသည်။

MY LIGHT [ Completed ]✅✅Où les histoires vivent. Découvrez maintenant