Part-7🌟
[Unicode]"ဟယ်လို NI-KI, အင်းပြော ဘာကိစ္စလဲ"
"Hyung ကျွန်တော့်ဆီလာမယ်ဆိုလို့လေ"
"အင်းလေ ဘာလို့လဲ...ညနေလောက် ငါလာမယ်လေ"
"အဲ့တာပဲပြောမလို့...ကျွန်တော်ကအရင်နေရာမှာ မနေတော့ဘူး အိမ်ပြောင်းလိုက်ပီ အဲ့တာလှမ်းပြောတာ"
"အေးပါ...မင်းကအိမ်အရွေ့အပြောင်းများလှချည်လား"
"ဒီလိုပါပဲ Hyungရယ် တနေရာအဆင်မပြေတော့တနေရာပေါ့...Hyung လာမယ်ဆို ကျွန်တော် Hyung ကိုလိပ်စာပို့ပေးထားမယ်နော်"
"အေးအေးဟုတ်ပီ"
NI-KI ဆီကိုညနေမှသွားမှာဖြစ်တာကြောင့် ခုလောလောဆယ်တော့သူ့တွင်လုပ်စရာရှိမနေပါ..လုပ်စရာတခုပဲရှိသည်..အိပ်လိုက်ဖို့သာပင်။
အိပ်ဖို့ရန် ကုတင်ပေါ်နေရာယူလိုက်သည်ဆိုရင်ပဲအပြင်ဘက်ခြမ်းမှ တံခါးခေါက်သံတခုကိုကြားရတော့ စိတ်ရှုပ်စွာညီးတွားမိပီး တံခါးဖွင့်ရန်သွားလိုက်သည်။တံခါးဖွင့်လိုက်တော့ မမြင်ချင်ဆုံးဖြစ်ရပါသော သူ့အမေဟုခံယူထားသော သူမပင်။
"သား..."
"ဘာလာရှုပ်တာလဲဗျာ...ကျွန်တော်အေးဆေးနေနေတာနော်..ခင်ဗျားတို့အလုပ်ကို ဝင်မရှုပ်ဘူး"
"သားလေး...ဘာလို့အမေတို့ကို ခါးခါးသီးသီးဖြစ်နေရတာလဲ.."
"ခင်ဗျားတို့ကိုယ်တိုင်အသိဆုံးဖြစ်မှာပေါ့"
"အမေတို့ကိုနားလည်ပေးလို့မရဘူးလား..သားအတွက်လုပ်ပေးနေတာတွေချည်းပဲလေ"
သူမ Jayရဲ့ လက်မောင်းကိုဆုပ်ကိုင်ကာပြောလိုက်တော့ ချက်ချင်း သူမလက်ကို ပုတ်ချလိုက်ပါတဲ့ သူမချစ်ရတဲ့သားလေး Jay။ မျက်နှာပျက်သွားသည်ကို သူမအတတ်နိုင်ဆုံးထိန်းပီး အားတင်းကာပြုံးလိုက်သည်..ဒီအပြုအမူတွေနဲ့အပြောအဆိုတွေက ယဉ်ပါးနေပီဖြစ်ပေမဲ့ ယခုလို သူမသားလေးဆီမှ ဆက်ဆံခံရတိုင်း အရင်တုန်းကဂရုစိုက်မှုအပြည့်အဝမပေးခဲ့မှုတွေအတွက် ဝမ်းနည်းဒေါသထွက်ကာ စိတ်မကောင်းဖြစ်ရသည်မှာ အမြဲပင်ဖြစ်လို့နေသည်...
ဒါတွေအားလုံးဟာ သူမတို့နှစ်ယောက်ရဲ့ အမှားတွေချည်းပဲဖြစ်တာမို့ သားလေးကို အပြစ်မမြင်ရက်ပါ...သားလေးခံစားချက်ကို သူမကိုယ်ချင်းစာနားလည်ပါသည်...သားလေးထံမှ စိမ်းကားမှုတွေ ယခုထက်ပိုပီးမလိုချင်တော့တာမို့ အခါအခွင့်သင့်တိုင်း သူမကိုယ်တိုင် သားလေးဆီလာကာ အတတ်နိုင်ဆုံးရှင်းပြသည်...ဒါပေမဲ့ အချည်းနှီးသာ...သေချာသည်က ဘယ်တော့မှလက်လျှော့မှာမဟုတ်။
![](https://img.wattpad.com/cover/267308158-288-k186604.jpg)
ESTÁS LEYENDO
MY LIGHT [ Completed ]✅✅
Fanfic[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...