Part-13
[Unicode]ကျောင်းမှအပြန် အိမ်သို့ပြန်ရာလမ်းတွင် ကိတ်မုန့်ဆိုင်မှာ ကိတ်မုန့်ဝယ်ရန် ကိတ်မုန့်ဆိုင်ထဲသို့ဝင်လာခဲ့သည်... မေမေတို့က ကိတ်မုန့်စားရန် သူမအားအမှာတော်ရှိလိုက်တာကြောင့် သမီးလိမ္မာလေးမို့ စကားနားထောင်ရဦးမည်။
ဆိုင်တံခါးကိုဖွင့်လိုက်သည်နှင့် လှုပ်မြည်သွားသော ဘဲလ်သံလေးနှင့်အတူ ဆိုင်ထဲသို့ သူမဝင်ရောက်လာသည်... တံခါးချပ်တို့ပိတ်အပီး ဆိုင်ထဲမြင်လိုက်ရတဲ့ စိတ်လှုပ်ရှားခြင်းအရာလေးတခုကြောင့် သူမမျက်လုံးတို့ပြူးကျယ်ဝိုင်းစက်လို့နေခဲ့သည်... ဒီကောင်လေးကို ဒီမှာတွေ့ရလိမ့်မယ်လို့ သူမ မထင်ထားခဲ့မိတာ တကယ်... သူလေးနဲ့ မတွေ့ရတာတောင် ဘယ်လောက်ကြာနေခဲ့ပီလဲ... သူမပြောသားပဲ ဒီကောင်လေးနဲ့ သူမက တနည်းနည်းနဲ့တွေ့ကြလိမ့်မယ်လို့...
ကောင်တာမှာအလုပ်ရှုပ်လို့နေတဲ့ ကောင်ငယ်လေးအား ကြည့်ရင်း သူမပြုံးရွှင်စွာဆိုင်ထဲဝင်လာခဲ့သည်။ကောင်ငယ်လေးက သူမကိုမှတ်မိပုံမပေါ် "ဘယ်ကိတ်မုန့်ကို ယူမှာလဲ အစ်မ" ဟူသော စကားလေးနဲ့အတူ သူမအား ဝန်ထမ်းတို့ထုံးစံအရနှုတ်ဆက်စကားပြုသည်.. ဒီကောင်လေးက ဘာလို့သူမကိုအမြဲမေ့နေတာပါလိမ့်... ဒီဟာမကြီးကပဲ အတင်းတွေမှတ်မိနေတာလား??
သူမလဲ အစမဖော်သေးပဲ မသိချင်ယောင်ဆောင်လိုက်ကာ..."ဘယ်အရသာ ပိုကောင်းလဲ မင်းရွေးပေးပါလား အစ်မ မသိလို့"
"အော် ဟုတ်ကဲ့... အစ်မက ဘယ်လိုအရသာကြိုက်လဲ"
"အမေတို့မှာတာဆိုတော့ လူကြီးကြိုက်အရသာလေးပေါ့"
"စပျစ်သီးအရသာလေးယူပါ့လား... အရမ်းလဲမအီဘူး... အချိုနဲ့အချဉ်လဲမျှတယ်လေ"
"အင်းအဲ့တာလေးပဲ ယူမယ်... အစ်မကို သုံးခုထည့်ပေးပါ... နှစ်ခုကို ပေါင်းထည့်ပေး တခုကို သူ့သတ်သတ်ထုတ်ပေးပါ"
"ဟုတ်ကဲ့အစ်မ..."
"ကျေးဇူးပါပဲနော် ရှင်းဂျယ်ယွန်း"
ချက်ချင်းတည်မတ်သွားသော ကောင်လေးငယ်ရဲ့မျက်နှာလေး... တခုခုကိုတွေဝေသွားဟန်ဖြင့် သူမကိုနောက်တခေါက် အကြည့်စိမ်းများဖြင့်စိုက်ကြည့်လို့လာတာကြောင့်...လက်လေးတဖက်ထောင်ပြလိုက်ကာ...

BẠN ĐANG ĐỌC
MY LIGHT [ Completed ]✅✅
Fanfiction[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...