My Light
F.I.N.A.L Part
[ Unicode ]ဂျုံဆောင်း ညာခဲ့မိတဲ့ သူမကို တောင်းပန်ဖို့ကြိုးစားသော်လဲ ထိုမိန်းကလေးမှာ သူ့ကိုတွေ့ဖို့တောင်လက်မခံပေးပါလေ။ မသိသလိုလုပ်ကာ တမင်တကာရှောင်ပြေးနေရဲ့။
ဟုတ်ပါသည်...ဟန်ဆောပြောသလိုမျိုး ဒါသူဝဋ်လည်တာပဲဖြစ်ပါမည်...ဘာပဲဖြစ်ဖြစ် သူမနဲ့ အနီးဆုံးကို တဖန်ပြန်လည်ရောက်ရှိနေပြီမို့ ရှင်းပြခွင့်ရဖို့ကြိုးစားရန်မှာ မခက်ခဲတော့ပြီ...အသက်မပါတဲ့ မျက်ဝန်းတွေနဲ့အတူ ပတ်ဂျေးကိုတခါမှမသိခဲ့ပါဘူးဟု Byeolပြောခဲ့စဥ်က
ဂျုံဆောင်းရင်ဘတ်ထဲတဆစ်ဆစ်နဲ့နာကျင်ခဲ့ရပါသည်...သူမ ခွင့်မလွှတ်တော့မှာထက် စိတ်နာသွားမှာကို ပိုလို့ကြောက်ရွံ့နေခဲ့ရသည်။ သူမရဲ့စိတ်ကို သေချာမသိဘဲ တဖက်သတ်ခန့်မှန်းမနေချင်တော့ပါ...ဂျုံဆောင်းနဲ့ပက်သက်လို့ ဘယ်လိုခံစားချက်ရှိသေးတယ်ဆိုတာ သူမကို သူကိုယ်တိုင်မေးကြည့်ချင်ပါသေးသည်။
ဒါ့ကြောင့်လဲ သူမ လျစ်လျူရှုသမျှကို ဂရုမစိုက်စွာ သူမအနားမှာ ဂျုံဆောင်းတဝဲလည်လည်ရှိနေခဲ့တာ ယနေ့အထိပေ။ တနေ့နေ့တချိန်ချိန်မှာတော့ သူ့ဖြေရှင်းချက်တွေကို Byeol နားထောင်ပေးနိုင်ကောင်းပါရဲ့။ကုမ္ပဏီအဆောက်အအုံရဲ့ တစ်မိုးအောက်ထဲမှာ အချိန်တိုင်းနီးပါးအတူရှိနေတာတောင် Byeol ကို
တစက္ကန့်လေးမျှပင် ဂျုံဆောင်း တွေ့ခွင့်မရှိနိုင်အောင် သူမမှာ အရှောင်အတိမ်းကောင်းလွန်းနေခဲ့သည်။ သည်နေ့တော့ တွေ့ခွင့်ရဖို့ ကြိုးစားကြည့်ချင်သည်မို့ Byeol ကိုစောင့်ဖမ်းဖို့ရာ
ဂျုံဆောင်းကြံစည်ထားသည်။ညည်နေ့တွင်တော့ အလုပ်စောစောဆင်းကာ ကုမ္ပဏီမှသူမထွက်အလာကို ကားထဲမှနေ၍ စိတ်ရှည်စွာစောင့်နေလိုက်သည်။ အချိန်တွေတရွေ့ရွေ့ကုန်လာခဲ့ပြီးနောက် မျှော်နေတဲ့ မိန်းကလေးမှာ သူ့မြင်ကွင်းရှေ့သို့ရောက်ရှိလာခဲ့တော့ ကားပေါ်မှ အလျှင်အမြန်ဆင်းခဲ့လိုက်ကာ သူမဆီသို့ ပြေးလျှက်သွားခဲ့သည်။
CZYTASZ
MY LIGHT [ Completed ]✅✅
Fanfiction[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...