Part-16
[Unicode]"မနေ့က ဘာလို့ စားသောက်ဆိုင်မလာတာလဲ
ဂျယ်ယွန်း"ထုံးစံအတိုင်း ကျောင်းသွားချိန်တိုင်းအနောက်ကလိုက်လာတတ်တဲ့ အစ်မကြီးဟန်ဆော။ ဂျယ်ယွန်းဘက်မှ ဘာစကားမှပြောချင်စိတ်မရှိတာကြောင့် လွှတ်ထားလိုက်သည်...ထိုအစ်မကြီးဟာ သူလျစ်လျူရှုနေတာတောင်မှပဲ မမောပန်းနိုင် မနားတမ်းတရစပ်တစကားတွေပြောနေသည်။
"မ မေးတာဖြေဦးလေ...ဂျယ်ယွန်း"
"မင်းလာမယ်အထင်နဲ့ မ ဘယ်လောက်တောင်စောင့်ခဲ့ရလဲ သိလား... ဆိုင်ရှင်က ဆိုင်သိမ်းချိန်ရောက်ပါပီဆိုပီး အတင်းပြောလွတ်လို့ပြန်ခဲ့တာ...ဒါတောင် မ*
ဆိုင်ရှင်ပြောတာ မယုံချင်ဘူး"*သူ့ကို ဘယ်သူက အဲ့လောက်စောင့်ခိုင်းနေလို့လဲ...ကိုယ့်ဘာသာ စောင့်တာ ခံလေ*
သူမကိုတော့ တုံ့ပြန်မပြောဖြစ်ဘဲ စိတ်ထဲကနေသာ မကျေမနပ်ပြောနေလိုက်သည်။"ဂျယ်ယွန်း ပြောနေတာကြားရဲ့လား...ပြောနေတာ ပြန်ပြောလေကွာ"
ဂျယ်ယွန်းက ကျောင်းဝန်းထဲဝင်တော့မှာမို့ မဝင်ခင် သူ့လက်ကို အတင်းဆွဲကာ ဟန်ဆောပြောနေလိုက်သည်။
"လွှတ်ဗျာ...တော်တော့ ကျွန်တော်အတန်းတက်တော့မယ်"
သူမလက်ကို ဂျယ်ယွန်းသူ့နောက်လက်တဖက်ဖြင့် ဆောင့်ဆွဲကာဖြုတ်လိုက်ပီး ဟန်ဆောအားစိတ်ပျက်ဟန်ကြည့်သွားကာ ကျောင်းဝန်းထဲသို့ဝင်သွားလေသည်။ဟန်ဆောရင်ထဲတမျိုးကြီးနှင့်နေလို့မကောင်း...ထိုနေရာလေးမှာ ချစ်ရသူကောင်လေးရဲ့ကျောပြင်လေးကိုကြည့်ကာ ကျန်ရစ်ခဲ့ရသည်...ကောင်လေးငယ်က ဘာစိတ်ရှုပ်စရာတွေများရှိနေလို့လဲ...အရင်ကလဲ
ဟန်ဆောကို ကောင်း"မွန်" ဆက်ဆံတတ်သူမဟုတ်ဘူးဆိုတာသိသော်လဲ အခုဒီကောင်လေးက ဟန်ဆောကို စကားပင်မပြောတော့တာ...အနောက်ကနေလိုက်နေလွန်းလို့ စိတ်ဆိုးသွားတာကြောင့်လား?? ဟန်ဆောကိုယ့်အတွေးနှင့်ကိုယ် ဂျယ်ယွန်းစိတ်ဆိုးမည်ဆိုးတာကြောင့် သူမရင်ထဲပြာယာခတ်နေရသည်... စိတ်ဆိုးပြေသည်အထိ ချော့ရမည်ဆိုတဲ့အတွေးက ဆက်တိုက်ဝင်လာတာကြောင့် ကျောင်းဆင်းချိန် ဂျယ်ယွန်းဆီလာဦးမည်ဟုသာ ဆုံးဖြတ်လိုက်သည်။
VOCÊ ESTÁ LENDO
MY LIGHT [ Completed ]✅✅
Fanfic[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...