chapter-1

20.2K 1.2K 95
                                    

မနက်ခင်းရဲ့ရောင်နီဦးက
အခန်းပြတင်းမှတဆင့် အည်ိုရောင်ဖဲမွေ့ရာပေါ်ရှိ
ပန်းရောင်ဆံပင်တွေနဲ့ကောင်လေးပေါ်
နယ်ချဲ့လာလေတော့..ရှည်စင်းနေတဲ့မျက်တောင်လေးတွေ
ဖြာကျနေတဲ့ မျက်ခွံမို့မို့လေးက အနည်းငယ်လှုပ်ခတ်လာလေ၏...စောင်ပုံအောက်မှာ မှောက်ရက်အိပ်နေသော.အလှတရားလေးဟာ အပေါ်ပိုင်းဗလာကျင်းနေပြန်သေးသည်..ဖြူနုနေသော လည်တိုင်ပေါ်တွင်
အနီရောင်အမှတ်အသားတွေကပြည့်နှက်လျှက်
ပူလွန်းသော အထိအတွေ့ကြောင့် ဆက်အိပ်ဖို့ရာ
မရနိုင်တော့တဲ့အခါ ဖြတ်ခနဲပွင့်လာတဲ့ မျက်ဝန်းလှလှလေးတွေက အလိုမကျဖြစ်နေသည့်ဟန်

"ချီးပဲကွာ.."

မျက်နှာလေးက်ိုမအီမသာရှုံ့မဲ့လျှက်
စောင်ပုံအောက်မှ ငုတ်တုပ်ထထိုင်လိုက်လျှင်
နီစွေးစွေးအမှတ်အသားများဟာ
လည်တိုင်တင်မက..ရင်ညွှန့်
ဝမ်းဗိုက်နားအထိပါဖြန့်ကျက်နေရာယူထားသည်ကို
မြင်ရပါလိမ့်မည်...ကုတင်ပေါ်ကဆင်ဖို့အားယူလိုက်သော်ငြားလည်း စူးခနဲအောင့်တက်သွားသော
ခန္ဓာကိုယ်အောက်ပိုင်းတစ်နေရာကြောင့်
မျက်နှာလှလှလေးမှာမဲ့ခနဲ

" ကျစ်..သေနာ..ဘီးလူးစီးသလို ကြမ်းတမ်းထားတာ
လှုပ်လို့တောင် မရဘူး "

တရားခံဖြစ်သူအားစိတ်ရှိလက်ရှိဆဲဆိုပစ်ပြီး
ဘေးကို တစ်ချက်ကြည့်လိုက်တော့
ဆိုင်သူသည် ပူနွေးနွေးအငွေ့အသက်များသာ
ချန်ထားရစ်ခဲ့၏......စားပွဲပေါ်မှာ ကပ်ထားသော
အဝါရောင် စာရွက်ကလေးအား
သူသတိထားမိလိုက်သည်နှင့် လှမ်းယူလိုက်ရာ
စောင်လွတ်သွားသော ခန္ဓာကိုယ်အောက်ပိုင်းရှိ
ဖြူဖွေးဖွေး မက်မွန်သီးလုံးလုံးလေးထက်မှာ
လက်ငါးချောင်းအရာကြီးက ထင်းလျှက်

စာရွက်ကလေးအား
အနှီးပန်းရောင်လူသားလေး ယူကာဖတ်ကြည့်လိုက်သည်နှင့်...

Sorry ငါဒီနေ့ Tutotrial ရှိလို့
မင်းနိုးတဲ့ အထိမစောင့်ပေးတာ
မီးဖိုထဲမှာမင်းအတွက် ကြက်စွပ်ပြုတ်လုပ်
ထားပေးတယ်..ပြန်နွေးပြီးစားလိုက်
ပြီးရင် အကိုက်အခဲပျောက်ဆေးလေးသောက်
ကြားလား ငပု😙

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now