Final

7.8K 661 66
                                    

ခြေလှမ်းတွေသည်
လိုသည်ထက်ပိုပြီးအလျှင်လိုနေခဲ့သည်
စိတ်အစဥ်တို့က ဟိုး အမြင့်ဆုံးရောက်မှ
​အောက်သို့ပြုတ်ကျသွားသူလို့ အသည်းတစ်အေးအေး
ရင်တစ်ထိတ်ထိတ် ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး
ဘားမှမဖြစ်လိုက်ပါနဲ့

Tae / Jungkook

လူနာခန်းရှေ့မှာထွက်ရပ်နေသော
Taehyungက
သူ့ကိုမြင်သည်နှင့်
မျက်နှာပျက်စွာလှမ်းခေါ်သည်

" prince ရော Taehyung သူဘယ်လို
အခြေအနေရှိလဲ "

Tae / သူ..သူသတိရလာပါပြီ

ထိုစကားကိုကြားတော့မှပဲရင်ထဲမှ
စို့နေတဲ့အပူလုံးကြီး ကျသွားရတော့သည်
သက်ပြင်းလေးတစ်ချက်ကိုချပြီး
အမောဖြေနေမိစဥ်မှာနောက်ထပ်ပြောလာသော
စကားက

Tae / သူငါတို့ကိုမမှတ်မိဘူး

" ဘာ!!!! "

ရင်ဘတ်ထဲကိုတင်းကြပ်မှုတွေကဒိန်းခနဲ
ဆောင့်တက်လာပြန်သည် မျက်နှာမလှသော
Taehyung ကလည်းသူ့ကိုကြည့်ရင်း
ခေါင်းညိမ့်ပြလာသည် မဖြစ်နိုင်ဘူး

လူနာခန်းတံခါးကိုတွန်းဖွင့်ကာ
အထဲဝင်လိုက်တော့ ကုတင်ပေါ်မှ
ပတ်တည်းတွေနဲ့ငုတ်တုပ်ကလေးထိုင်နေတဲ့
Prince.. သူ့ကိုမြင်တော့
ကြောင်တောင်တောင်လေးကြည့်နေသည်

" prince "

အနားသို့ချက်ခြင်းပြေးသွားကာ

"အဆင်ပြေရဲ့လား ဘယ်နားကနာနေသေးလဲ
ဘယ်နားထိခိုက်ထားသေးလဲမောင့်ကိုပြောပါ "

လက်သေးသေးကလေး ကို
အသာဆုပ်ကိုင်ရင်းမေးတော့သူ့အား
စိမ်းသက်စွာကြည့်ပြီ ဖြတ်ခနဲလက်ကိုဖယ်ချပစ်
သည်..တကယ်ပဲ....မယုံနိုင်စွာ မျက်နှာလေးကို
ငေးကြည့်မိတော့

" ကျွန်တော့်ကိုသ်ိတာလား "

ရင်ဘတ်ထဲ ဝယ်အပူလှိုင်းတွေက
အမြင့်မားဆုံးဒီဂရီများနဲ့ဖြတ်ပြေးသွားလေသလား

" prince.. မောင်လေ...မောင်ပါ..မောင့်ကို
မမှတ်မိဘူးလားဟမ်"

"ဟင့်အင်ခင်များကိုကျွန်တော်မသိဘူး
ကျွန်တော့်ကိုအိမ်ပြန်ပို့ပေးပါ ကျွန်တော်ဒီမှာ
မနေချင်ဘူး "

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now