chapter -12

6.1K 775 89
                                    

ပတ်ဝန်းကျင်ဟာ
လုံးဝကိုမဲမှောင်ကျသွားခဲ့ပါသည်
ဘယ်အချ်ိန်အတိုင်းတာကိုရောက်သွားပြီလဲ
ဆိုတာကိုတောင် မသိနိုင်အောင်ပင်
တိတ်ဆိတ်ခြောက်ခြားဖို့ကောင်းလွန်းတဲ့
ဒီတောကြီးထဲမှာ ကျွန်တော်လမ်းပျောက်နေခဲ့တာ
နာရီပေါင်းများစွာချီလှပေါ့......

တစ်ချက်တစ်ချက်ထွက်ပေါ်လာတဲ့
အူသံတွေ ငှက်အော်သံတွေက
ကျွန်တော့်အူအသည်းတွေကို
ဆွဲမွှေ့ပစ်လိုက်သလို တကယ်ခံစားချက်ဆိုးဝါးလှစေသည်

" အား!!! "

အမှောင်တောထဲမှာလျှောက်နေရတာ
မမြင်မကန်းမိစွာပင်ခလုတ်တိုက်ကာ
မှောက်ရက်ထိုးလဲမိတော့
လက်ဖဝါးပေါ်မှာ စပ်ဖျဥ်းဖျဥ်းခံစားမှုတွေ
ဖြစ်တည်လာသည်..​.....

"အဟင့်...အဟင့်..."

ကြောက်လွန်း၍
ဘားကိုမှမတွေးနိုင်တော့အောင်ပင်
လဲကျသွားသောနေရာမှာပင်
ငုတ်တုတ်ကလေးထိုင်ကာ
ဒူးခေါင်းပေါ်မျက်နှာအပ်ပြီး
ကလေးတစ်ယောက်လိုပဲအော်ငိုမိသည်
ကျွန်တော်တွေးမိနေတာတစ်ခုထဲပါ

~~~ တစ်ယောက်ယောက်..ပေါ်လာပေးရင်သိပ်ကောင်းမှာပဲ~~~

"Jimin!!!Ya...park jimin!!!"

ဖုန်းမီးအကူအညီတစ်ခုထဲကိုသာယူပြီး
တောထဲမှာပြေးလွှားနေသော
နောက်ထပ်ကောင်လေးတစ်ယောက်ကလည်း
တောထဲမှာအချိန်ကုန်နေခဲ့တာ
နာရီပေါင်းများစွာပင်ကြာလှနေလေပြီ
သို့သော်..ရှာဖွေနေသူလေးကိုတော့
အရိပ်အယောင်ပင်အခုထိမတွေ့ရသေး

မတောမသတ်နိုင်တဲ့စိုးရိမ်ပူပန်မှုတွေကြောင့်
မောဟိုက်မှုကိုပင်မေ့လျော့စွာ
ပြေးလွှားနေဆဲ

" Ya..park jimin...မင်းဘယ်မှာလဲ!!!! "

~~~ အဟင့်...အဟင့် ~~~

ခပ်လှမ်းလှမ်းက ခြုံနောက်ကထွက်လာတဲ့ငိုသံကြောင့်
Jungkook အနည်းငယ်ကျောချမ်းသွားသည်
သရဲခြောက်တာလား??? ခြေလှမ်းတွေကို
အလိုလိုနောက်သို့ဆုတ်လိုက်မိသည်

" ဘယ်...ဘယ်သူလဲ "

တစ်နေရာစီက
တုန်ရီစွာထွက်ပေါ်လာသည့်ရင်းနှီးသည့်
ထိုအသံ~~~ဒူးခေါင်းထက်ကမျက်နှာကို
ဆတ်ခနဲပြန်မော့လိုက်သည်....ဒါ Jungkook
အသံမဟုတ်လား....

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now