Hs / Ya..park jimin တကယ်
ကျောင်းမသွားဘူးလား" အေးမသွားဘူးလို့ဆိုနေမှပဲ ယီးမလို့
ဒါပဲလာလာမေးနေတာလား "တကယ်ပါပဲ
ကိုယ်ကစာမေးပွဲရှိလို့
စေတနာနဲ့လာပြောတာကို
ဇွတ်ကိုအော်တော့တာပဲ~~~ဟွန်း....စေတနာကိုကြက်ဆိတ်တယ်~~~
Hs/ မသွားလည်းနေဟေ့..အဲ့မှာလင်ပူမိပြီး
မျောက်မှိုင်မှိုင်နေလိုက်ကြည့်မရလာတော့တာမို့
ကုတင်ပေါ်က စောင်ပုံအောက်မှာ
ခွေခေါက်နေတဲ့ စုတ်တိစုတ်ချာ
ပေတိပေချာကောင်ကိုမျက်စောင်းခဲကာ
ပြောပြီး အခန်းထဲကထွက်လာခဲ့လိုက်တယ်ဘယ်နှယ့်သူများတွေ
လွမ်းနာကျတာဂရုဏာထားချင်စရာ
သူ့အလှည့်ကြမှ မေတ္တာကိုတုန်းတယ်
မေတ္တာတုန်းကြီး" Shit!!! "
Hoseok ထွက်သွားပြီးနောက်
စောင်ပုံထဲကနေ ငှက်သိုက်ဆံပင်ပန်းရောင်
နဲ့ ငုတ်တုတ်ထထိုင်လိုက်သော
Jimin ဘေးကဖုန်းကိုလှမ်းယူပြီး
Jungkook ကိုဆက်ကြည့်တော့
စက်ပိတ်ထားသည်တဲ့လေ အခုမှသွားတာ
၂ရက်ပဲရှိသေးတယ်ဆိုပေမယ့်အဲ့နှစ်ရက်က
သူ့စိတ်ထဲဝယ် မုဆိုးမလေး မဂ်ဂါထက်
ပေရှည်နေသလိုပင်" အား!!! မောင့်က်ိုလွမ်းပါတယ်ဆို"
အိပ်ရာပေါ် ပြန်လှဲချလိုက်ပြီး
စောင်တွေကိုကန်ချ
ခြေတွေဆောင့်ပြီးတီကောင်ဆားတို့
ထားသလိုတွန့်လိမ်ကွေးကောက်နေသော
ကိုလွမ်းပိုကြီးရယ်ပါ
ငယ်ကတည်းကအမြဲတမ်းတပူးပူး
တတွဲတွဲနေလာရတော့ ခဏလေးခွဲနေရချိန်မှာ
စိတ်တွေက ကစဥ့်ကလျားဖြစ်လျှက်" ငါငိုချင်လာပြီ..တကယ်ပါပဲ "
ငေါက်ခနဲပြန်ထထိုင်ပြန်သည်
ကုတင်သာအသက်ရှိရင်
ဒင်းကိုကမြင်းလှချည်လားဆိုပြီး
ကန်ချမှာကျိန်းသေရယ်.....။" မောင့်တိုက်ခန်းကိုသွားရမယ်ထင်တယ်
အက်မှာဆိုနည်းနည်းပို
အလွမ်းသက်သာလောက်တယ်"ကိုယ့်အတွေးနဲ့ကိုယ်ဟုတ်နေပြီး
ကုတင်ပေါ်ကဆင်းကာ
အဝတ်အစားကောက်လဲပြီး
Jungkook ရဲ့တိုက်ခန်းစီ
Taxi ငှားပြီးထွက်လာခဲ့လိုက်သည်။
YOU ARE READING
ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"
FanfictionJust Friends ဆိုတဲ့စာလုံးလေးနှစ်လုံးက ရိုးရှင်းပေမယ့် ရှုပ်ထွေးလွန်းတယ် အလားတူစွာ Just Friends ကောင်လေးနှစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်သတ်မှုများဟာ.......... I would like to give a warning for 21 ++ Fic Do not read if you are under age It contains...