chapter-10

5.4K 644 68
                                    

Jimin ပြန်ရောက်လာကတည်းက
ကြားရတဲ့သတင်းစကားဟာ
ရင်ဝတည့်တည့်စီဂျယ်လီနဲ့ကောက်ပေါက်ခံလိုက်
ရသလိုပင်...ဒေါသကိုအလိပ်လိုက်အပြားလိုက်
အခေါက်လိုက် အလုံးလိုက်ပါ ထွက်ရသည်

SJ / Ya...Ya..Park Jimin...မင်းကို ကခိုင်းတာ
ဘီးလူးအက မဟုတ်ဘူးနော် ဗျိုင်းက ကလိုက် ဘီလူးက ကလိုက်နဲ့ ရူးနေတာလား

ခြေကားယားလက်ကားယားနဲ့
မြေကြီးကို ငရုတ်သီးထောင်းသလို
အားရပါးရနင်းပြီးကနေသော
Jimin ပုံက ကိုးလို့ကန့်လန့် နိုင်လွန်းတာမို့
မနေသာတော့ပဲ Seokjin ကထအော်တော့သည်

ထိုအခါဖြတ်ခနဲသူ့ကိုကြည့်လာသော
Jimin ၏မျက်လုံးတွေဟာ
လေဆာမီးတဝင်းဝင်းဖြင့်

" Sambe ကရောနေရာတကာပွစိပွစိနဲ့အာချောင်နေတာလား!!!"

Sj / ဘာရယ်????

ခပ်တည်တည်နဲ့သူ့ကိုပြန်အော်ပြီး
ကွင်းထဲကထွက်သွားသော
အပုကောင်....ဒီကောင်ငါ့ကိုများ

SJ / Ya!!!Park Jimin သေချင်နေလား...ငါမင်းထက်အကြီးကွ..မင်းရဲ့စီနီယာငါ့ကိုရိုသေလေးစား.......စား....ဂါး...သောက်ခွေးပု

စကားမဆုံးခင်မှာပင်
လက်ခလယ်ကိုကော့နေအောင်ထောင်ပြလိုက်တာမို့
Kim Seokjin တစ်ယောက်ပြောမယ့်စကားပင်
လည်ချောင်းမှာတစ်ကာ အကြီးအကျယ်ဒေါသူပုန်ထလေပြီ
ခုန်ဆွခုန်ဆွနဲ့ စွေ့စွေ့ခုန်နေသော
သူ့အားကြည့်ကာ ခိုးရယ်နေကြသော
ဂျူနီယာတွေကိုဖြတ်ခနဲလှည့်ကြည့်ပြီး

SJ / မရီနဲ့!!!!!

သြဇာညောင်းချက်ကတော့
အော်လိုက်တော့ မှ ပိုရယ်လာ၏
Kim Seokjin ကိုအငယ်တွေက
အဲ့လောက်ထိကြောက်ကြတာ

" Jin hyung...jimin ရော "

အနားသို့ရောက်လာသော
Jungkookဟာ ဘောလုံးဝတ်စုံကို
ဝတ်ထားပြီး ချွေးတွေရွှဲနစ်နေသည်
ကြည့်ရတာ....ထရိန်နင်ဆင်းနေတုန်း
ထွက်လာပုံရသည်..

Sj / ဘယ်သိမှာလဲ....မင်းလင်က်ိုနေရာတကာလိုက်ကြည့်နေရအောင် ငါကသူ့အမေလား

ရှိသမျှဒေါသတွေကို
Jeon Jungkook စီပုံချကာ
အားရပါးရ ရန်စွာနေသော kim seokjinပင်

" အား..ဒါလေးမေးတာကို...ဒေါသထွက်ပြနေလိုက်တာမှမိန်းမကြီးကျနေတာပဲ...မသိရင်လည်း ပြီးတာပဲ
လာအော်မနေနဲ့..သွားကမတိုက်ဘူး "

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now