" Hyung အဆင်ပြေရဲ့လား "
မှန်ဘောင်လေးထဲသွင်းထားသော
အရိုးပြာအိုးလေးကိုကြည့်ရင်း...သူပြောလိုက်မိ၏
အရိုးပြာအိုးရှေ့မှာထောင်ထားတဲ့
ဓာတ်ပုံလေးထဲက သူ၏အကို
Park Jaymin ကတော့ အရင်လိုပြုံးနေဆဲ" appa နဲ့ omma တို့နဲ့အခုပျော်ပျော်ရွင်ရွင်
နေနေတယ်မလား "သေချာကြည့်မည်ဆိုလျှင်တော့
မှန်ဘောင်ထဲမှာ အရိုးပြာအ်ိုးလေးက
၃အိုးရှ်ိပါသည်..မိသားစုဓာတ်ပုံလေးတစ်ပုံနဲ့
ကောင်လေးနှစ်ယောက် ဒန်းပေါ်မှာအတူတူထိုင်နေတဲ့
ဓာတ်ပုံလေး တစ်ပုံပါရှိ၏ဘယ်အချိန်ကတည်းကရောက်နေလဲ
မသ်ိသော ပန်းစည်းလေးဟာ
သူ့အကိုရဲ့ အရိုးပြာအိုးလေးရှေ့မှာမို့
မျက်မှောင်လေးကျုံ့ကာစဥ်းစားမိပါတယ်..ဒေါ်လေးများလား???
အဟက်..ပေါက်ကရတွေးနေမိပြန်ပြီ
ဒေါ်လေးက ဘယ်တုန်းက သူတ်ို့မိသားစု
ကိုစိတ်ဝင်စားဖူးလို့လဲ??
ဘယ်သူဘယ်ဝါ မှန်းသေချာမသ်ိပေမယ့်
Hyung ရဲ့အသိထဲကပဲနေမှာပါ
ဟူသောအတွေးဖြင့်သာ ပန်းစည်းကိုဘေးသို့
အနည်းငယ်တွန်းဖယ်လိုက်ပြီးမှ
သူဝယ်လာသော လီလီပန်းတွေက်ိုတင်လိုက်သည်" ကျွန်တော် အများကြီးထွားလာတယ်မဟုတ်လား
ကောင်းကောင်းမွန်မွန် နဲ့ ရှင်သန်နေပါတယ် "အားတင်းကာပြုံးရင်း
ခပ်ဖွဖွဆိုမိ၏..သို့ပေမယ့် ရင်ထဲမှာတော့
လွမ်းဆွေးတမ်းတခြင်းတွေသာကြီးစိုးနေခဲ့သည်"Hyung....ကျွန်တော်ရင်ဖွင့်လို့ရမလားဟင်? ? "
တကယ်တော့
Busan ကို ပြန်လာတာဟာ
တင်းကြပ်မွတ်သိပ်နေသော
စိတ်တွေကို ဖြေလျှော့ချင်တာလည်းပါသလို
အထီးကျန်သလိုခံစားမိလို့ပင်
အနည်းဆုံးတော့ မိဘဆွေမျိုးသားချင်းတွေကတော့
စိတ်ကိုနွေးထွေးမှုပေးတယ်မဟုတ်လား
ကျွန်တော့် ဒေါ်လေးကလွဲရင်ပေါ့
YOU ARE READING
ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"
FanfictionJust Friends ဆိုတဲ့စာလုံးလေးနှစ်လုံးက ရိုးရှင်းပေမယ့် ရှုပ်ထွေးလွန်းတယ် အလားတူစွာ Just Friends ကောင်လေးနှစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်သတ်မှုများဟာ.......... I would like to give a warning for 21 ++ Fic Do not read if you are under age It contains...