စာသင်ခန်းအရှေ့တည့်တည့်က
ကျောက်သင်ပုန်းပေါ်ရှိ
နာရီလက်တံတွေအား
တိတ်ဆိတ်စွာ စိတ်ဝင်စားနေကြသူများထဲတွင်
Jeon Jungkook ပါပါဝင်နေခဲ့သည်....
ညနေ ၅နာရီချိန်းထားသော
ထိုးပွဲအတွက် သူ့အဆင်သင့်ဖြစ်နေသော်ငြားလည်း
ငါများရှုံးသွားရင်ဟူသော အတွေးဖြင့်
သူဟာ နေမထိ ထိုင်မသာဖြစ်နေရပြန်သည်Tae / jimin..jungkook ကိုကြည့်စမ်း..နတ်ဝင်သည်ကြီးလိုပဲတစ်ကိုယ်လုံးတုန်နေတာ ထိုးလို့ရောတကယ်ဖြစ်ပါ့မလား တော်ကြာရှောသွားရင် ဒုက္ခကိုလှလှတွေ့မှာနော်
Taehyung စကားကြောင့်
Jimin သည်လည်း ခေါင်းကိုသမင်လည်ပြန်လေး
စောင်းက jungkook အားလှမ်းလေ့လာတော့
တကိုယ်တည်းပြာယာတွေခတ်နေသော
ယောင်ခြောက်ဆယ်jeon jungkook ကြီးမှာ
နံရံပေါ်ကနာရီကိုမော့ကြည့်လိုက်
ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်
ဒူးကိုနှံ့နေလိုက်နဲ့...ကြောက်တတ်ရင်လည်း
အစကတည်းက သွားပါးစပ်မသရမ်းသင့်သား
အခုတော့ မရှုနိုင်မကယ်နိုင်တဲ့ မျောက်သစ်ကိုင်း
လွှတ်ဖြစ်နေရလေပြီ" နေပါစေ..သူ့ဇာတ်သူနိုင်တယ်ပြောတာ ထားလိုက်"
Tae / ငါပေါက်ပေါက်ဆုပ်နဲ့အအေးဘူးတွေဝယ်လာတယ်သိလား
Taehyung၏စကားကြောင့်
Jimin မျက်မှောင်လေးကုတ်လိုက်ကာ"ဘာလုပ်ဖို့လဲ? ? "
Tae / Jeon Jungkook ကြိုးဝိုင်းထဲမှာပတ်ပြေးနေတာကို ထိုင်ကြည့်ရင်းရယ်မလို့ ဟီးဟီး
Taehyung ၏စကားကြောင့်
ကြိုးဝိုင်းထဲမှာ Boxing Suit ကြီးဝတ်ပြီးBoxing gloves ကြီးတကားကားနဲ့ယုန်တစ်ကောင်လို
ခုန်ပေါက်ပြေးနေမယ့် jungkookပုံစံကို
အတွေးထဲပုံဖော်ကြည့်လိုက်မိသည်"ဟားဟား...အဲ့ခါကျရင်လေ..Jungkook က..
Jiminကယ်ပါ..Taehyung ကယ်ပါ...အမလေးကယ်ကြပါဆိုပြီး လက်ဝှေ့အိတ်ကြီးတကားကားနဲ့ရှေ့ကပြေး
နောက်က soungwoo က လိုက်..ဟားဟား..ငါ..ငါရယ်သေပါပြီ "ဟန်အမူအရာနှင့်တကွလုပ်ပြနေသော
Jiminကြောင့် Taehyung ပါအူတက်ရလေသည်
နှစ်ယောက်သား ပယ်ပယ်နယ်နယ်ထိုင်ပြောပြီးမှာ
Jungkookဘက်ကို တစ်ချက်ပြန်လှည့်show ကြည့်တော့ အကြည့်ချင်းဆုံသွားမိတဲ့အခါ သူ့အား
သွား၃၂ ချောင်းလုံး စိကာရယ်ပြနေသော
ယုန်တူလူသူ ထိုသတ္တဝါကြီးအား အမြင်ကပ်ပုဒ်မဖြင့်
မျက်စောင်းလှိမ့်ထိုးပေးလိုက်သည်
YOU ARE READING
ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"
FanfictionJust Friends ဆိုတဲ့စာလုံးလေးနှစ်လုံးက ရိုးရှင်းပေမယ့် ရှုပ်ထွေးလွန်းတယ် အလားတူစွာ Just Friends ကောင်လေးနှစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်သတ်မှုများဟာ.......... I would like to give a warning for 21 ++ Fic Do not read if you are under age It contains...