chapter-3

8.1K 1K 93
                                    

Tae/ Jungkook ရူးသွားတာလား..အဆံချောင်သွားပြီလား..soungwoo အကြောင်းကိုမသိလို့
သွားစိန်ခေါ်နေတာလား

ကန်တင်းမှာ
စားနေသောက်နေရင်း
ရုတ်တရက်မဆီမဆိုင်ထပြောနေသော
Taehyung ပင်ဖြစ်သည်
Soungwoo အကြောင်းက်ိုသ်ိသူပီပီ
သူ့မှာ သူငယ်ချင်းအတွက်စိုးရိမ်လို့
ပြောနေပေမယ့်လည်း Jungkook ကတော့
အေးအေးလူလူပင် သူမဟုတ်သလိုထိုင်နေလေရဲ့
စောက်ကြောကလည်းတင်းချက်!!!

Taehyung ကြည့်မရစွာပင်
မျက်စောင်းထိုးပစ်လိုက်သည်
သူ့အကြောင်းပြောနေတာကို
မဆိုင်သလိုထိုင်နေလိုက်တာ
စောနက ကသာအက်လို ထိုင်နေရင်
ပြသနာတက်မှာမဟုတ်
အခုတော့တစ်ကျောင်းလုံးက
သူ နဲ့ soungwoo
လက်ဝှေ့ထိုးကြမယ့်အကြောင်းကိုပဲ
ပြောနေကြတာနားနဲ့ကိုမဆန့်တော့ဘူး

Tae / Ya..အကြောက်လွန်ပြီးနားပါကန်းသွားတာလား

" မင်းတိုးတိုးနေပေးလို့မရဘူးလား Taehyung "

Tae / မင်းကရောအခုလိုမဆီမဆိုင်ဝင်ပါတော့ သိပ်မကြာခင် သေဖို့နီးနေပြီလေ..ဒါက်ိုငါကတိုးတိုးနေပေးရမှာလား..မသေခင်ပြောစရာရှိတာကုန်အောင်ပြောထားရမယ်
မနေနိုင်ဘူးဟုတ်ပြီလား

မျက်မှောင်အားကုတ်ချပြီး
သူ့ကိုမဲ့ကာရွဲ့ကာပြောနေသော Taehyung
ကြောင့် jungkook သည်.သူ့ရဲ့
ခရမ်းရောင်ဆံပင်ရှည်ကြီးတွေကို
လက်ဖြင့်ထိုးဖွလိုက်ပြီး

" Jimin ဘယ်သွားတာလဲ "

နေ့လည် ၁၁ ၁၂အတန်းချိန်မှာလစ်ထွက်သွားသော
သူ၏ Just Friend လေးမှာ
အခုထိ ကန်တင်းမှာနေ့လည်စာလာမစားသေးတာမို့
မေးလိုက်ခြင်းပင်ဖြစ်သည်

Tae / မင်းအတွက် နာရေးဖိတ်စာသွားရိုက်တာနေမှာပေါ့

" fuck!!! မင်းအဲ့လိုပေါက်ကရတွေဆက်ပြောနေမယ်ဆို ငါ့လက်ထဲကဇွန်းက မင်းသွားကြားမှာရာသက်ပန်ညှပ်သွားမယ်နော် Taehyung "

ဇွန်းကြီးထောင်ပြကာ
မျက်မှောင်ကုတ်ရင်းပြောနေပုံကအတည်လုပ်မယ့်
ပုံကြီးမို့ taehyung မှာဆက်မပြောတော့
ပဲ ခေါင်းငုံ့ပြီးသာ နေ့လည်စာဆက်စားနေလိုက်သည်

Tae / မင်းကိုငါနားမလည်ဘူး..သူငယ်ချင်းအတွက်နဲ့ကြိုးဝိုင်းထဲထိဝင်စရာလိုလို့လား jungkook

 ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"Where stories live. Discover now