" ဦးTae "
Tae /ဟေ...ဘာတုန်းဟ
Shopping mall ထဲမှာ
ဒူးမနာသားကိုလက်တစ်ဖက်ကဆွဲ
တစ်ဖက်က လှည်းဘီးခြင်းကိုတွန်းရင်း
စျေးဝယ်ထွက်နေသော အိမ်ရှင်ထီးကြီးမှာ
စျေးဝယ်ရတာကနည်းနည်း ဘေးက
သာလိကာနဲ့မျောက်စပ်ကျထားသလို
စပ်စလူနတ်ပူးမျောက်လောင်း ရဲ့ မေးသမျှ
ဗရမ်းဗဒါတွေကိုလည်း ပေါက်ပန်းလေးဆယ်
တွေဖြေပြီး ပြန်ကြားရေးဌာနမှုးလုပ်နေရတာက
ခပ်များများရယ်ပါ" သားစဥ်းစားမိတာတစ်ခုရှိတယ် "
Tae /ဘာကိုတုန်း
" အုန်းသီးထဲကို
ဘယ်သူကရေတွေထည့်ထားတာလဲ"Tae / အမ်????
ရုတ်တရက်ကြီး
တန့်ကာဘေးက ပေါက်စမျက်နှာ
ကိုငုံ့ကြည့်လိုက်တော့ ရေခဲချောင်းကို
လက်မှာကိုင်ထားရင်း သူ့ကို
မျက်လုံးဝိုင်းကြီးတွေနဲ့မော့ကြည့်နေသည်
မဖြေရင်လည်း မရဘူးဆိုတာသိသည်မို့
အော်သာငိုပစ်ချင်မိသည်~~~ ငါထည့်တာဟေ့ အလုပ်မရှိအကိုင်မရှိ
အားယားနေလို့တစ်ပင်ဆင်းတစ်ပင်တက်လိုက်ထည့်
ထားတာ ~~~စိတ်ထဲကနေအားရပါးရပြောလိုက်ပြီး
ခေါင်းကိုတဗြင်းဗြင်းကုတ်ပစ်
ကာပြန်ဖြေလိုက်သည်ကားTae / ဘယ်သူမှမထည့်ဘူး အက်တာသေးတွေ
အုန်းသီးကကွာ သေးပေါက်ချင်ပေမယ့်
ငါတို့လို နဂါးလေးတွေပါမလာဘူးလေ
အဲ့တော့စုထားရင်းစုထားရင်းနဲ့အများကြီးဖြစ်
သွားတာ နောက်တော့နှစ်ချို့ပြီးသေးတွေက
ချိုလာရော အက်တာကိုလူတွေက ဘုမသိဘမသိနဲ့
အုန်းရေဆိုပြီးသောက်နေတာ တကယ်က
အုန်းသေးလို့ခေါ်ရတယ် သိပြီလား "~~~ ငါ့ကိုဗရမ်းဗဒါမေးတဲ့ သမိန်ဗရမ်းကောင် လုပ်ရင်
မကောင်းဖြစ်အုန်းတယ် ဘယ်သူနဲ့တူလို့
အက်လောက်အမေးအမြန်းထူနေသလဲကိုမသိတတ်ဘူး~~~" အော်အက်လိုလား "
Tae /အေးအက်လိုပဲ
" ဒါဖြင့် သားတို့သေးတွေလည်း
နှစ်ချို့သွားရင်ချိုလာမှာလား "~~~ ငါလေ ဂတုံးတုံးပြီးဆာဒူးကြီးသာ
ဝတ်လိုက်ချင်တော့တယ် ~~~
YOU ARE READING
ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"
FanfictionJust Friends ဆိုတဲ့စာလုံးလေးနှစ်လုံးက ရိုးရှင်းပေမယ့် ရှုပ်ထွေးလွန်းတယ် အလားတူစွာ Just Friends ကောင်လေးနှစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်သတ်မှုများဟာ.......... I would like to give a warning for 21 ++ Fic Do not read if you are under age It contains...