ခဏလေးဆိုပြီးထွက်သွားတဲ့ Jimin
ဆေးရုံကိုပြန်မလာတာ မိုးချုပ်တဲ့အထိပင်
Taehyung တို့အားလုံးထိုင်စောင့်နေပေမယ့်
ပေါ်မလာတဲ့အဆုံးတော့ Taehyung ကပဲလူနာစောင့်အဖြစ်ဆေးရုံမှာနေခဲ့ပေးပြီးကျန်တဲ့သူတွေကတော့
ကိုယ်စီကိုယ့်အိမ်ကိုယ်ပြန်လာခဲ့ကြသည်Hoseok သည်လည်း
အဆောင်သို့ပြန်ရောက်သည်နှင့်
ဖိနပ်ချွတ်ပြီးအထဲဝင်ကာ
မီးခလုတ်အားဖွင့်လိုက်သောအခါHs / အား!!!!! သရဲ
ကုတင်ပေါ်မှာ ငုတ်တုပ်ကြီးထိုင်နေသော
Jimin ကိုသရဲမှတ်ပြီးမျက်လုံးစုံမှိတ်ပြီး
ထအော်သောHoseok ပင်....အတန်ကြာမှ
မှိတ်ထားသော မျက်လုံးတွေကိုမရဲတရဲဖြင့်ဖွင့်တော့မှ
Jimin ဖြစ်မှန်းသိလိုက်၍ သက်ပြင်းလေးချလိုက်သည်Hs / လန့်သွားတာပဲ Jimin ရာ...မီးတွေမဖွင့်ပဲဘာလုပ်နေတာလဲ ငါကမင်းပြန်မလာသေးဘူးထင်လိုက်တာ
လွယ်အိတ်ကိုစားပွဲပေါ်အရင်တင်လိုက်သည်
ပြီးမှ Jimin ဘေးကိုဝင်ထိုင်လိုက်ပြီးHs / Jungkook သတ်ိရနေပြီ မင်းကိုမေးနေတာသူက
လာမယ်ဆိုပြီးဘာလို့တန်းပြန်သွားတာလဲဘေးနားကနေတတွတ်တွတ်ပြောနေသော်လည်း
Jiminစီမှဘာစကားသံမှထွက်မလာတာမို့
Hosoek မျက်မှောင်လေးကုတ်လိုက်သည်Hs / မင်းဘာဖြစ်နေတာလဲ Jimin
" ဟမ်..ငါ..ငါဘားမှမဖြစ်ပါဘူး..ပင်ပန်းလို့ပါ "
Hs / အော်..အေးပါ...အော်..ဒီတစ်ပတ်ပိတ်ရက် ငါတို့ Seokjin Hyungရဲ့ရွှာကိုအလည်သွားကြမှာမင်းရောလိုက်မယ်မလား
"အကုန်လုံးသွားကြမှာလား "
Hs / Yoongi ကတော့ မလိုက်တော့ဘူးတဲ့ ကျန်တဲ့လူတွေကတော့လိုက်မှာ
" အင်း..သွားကြမယ်လေ ဘယ်နေ့သွားမှာလဲ?"
Hs / သဘက်ခါ
______________
Jin hyung ရဲ့ ရွာကိုသွားလည်မယ့်နေ့ပင်
Jungkook ကတော့မနေ့ကတည်းက
ဆေးရုံဆင်းလာပြီဖြစ်လို့ သက်သာနေပါပြီး
သို့သော်..မသက်သာနိုင်သေးတာကသူ၏
နှလုံးသား...အလွမ်းရောဂါက
သူမိသောအဆိပ်ထက်ပင် ပိုပြီးခံစားရခက်စေသည်
ဆေးရုံကို Jimin လိုက်ပို့ပေးတယ်ဆိုတာ
သိရကတည်းက နှလုံးပီတိဂွမ်းဆီထိသလိုကြည်းနူးရပေမယ့်
နေနိုင်တာလား...သူ့ကိုဝတ္တရားအရလိုက်ပို့တာလားတော့မသိ
သူသတိရလာကတည်းက Jimin ကအရိပ်အယောင်ပင်
လာမပြချေ
YOU ARE READING
ᴊᴜꜱᴛ ꜰʀɪᴇɴᴅꜱ "𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞"
FanfictionJust Friends ဆိုတဲ့စာလုံးလေးနှစ်လုံးက ရိုးရှင်းပေမယ့် ရှုပ်ထွေးလွန်းတယ် အလားတူစွာ Just Friends ကောင်လေးနှစ်ယောက်ရဲ့ ရှုပ်ထွေးလှတဲ့ ပတ်သတ်မှုများဟာ.......... I would like to give a warning for 21 ++ Fic Do not read if you are under age It contains...