"The Queen Hatred His Empire King"
Part- 4
For unicode
ကြာပန်းလသာဆောင်ကထင်ထားတာထက်ပိုလှနေသေးသည်။ဒီတစ်ရက်နှစ်ရက်အတွင်းမိုးလည်းရွာထားလို့ရေကန်ကစိမ်းညို့နေကာကြာပန်းတွေလည်းပွင့်နေကြသည်။အရွက်တွေကိုရှင်းထားလို့ကန်ထဲမှာရှုပ်ထွေးမနေချေ။
ဒါပေမယ့်ကြာဆိုတာဆောင်းရာသီဆိုပိုလှသေးသည်။ဆောင်းရာသီကကြာပန်းပွင့်ချိန်လေ...။မြူခိုးငွေ့ငွေ့တွေကြားမှာကြာပန်းတွေဝေဝေဆာဆာပွင့်နေတာကိုရှုစားရတာလည်းစိတ်အပန်းဖြေခြင်းတစ်မျိုးပင်။ဒါကြောင့်လည်းလူချမ်းသာတွေကပိုက်ဆံအကုန်ခံပြီးဆောက်လုပ်ကြတာဖြစ်မည်။သူတို့ရွာမှာတော့ကြာတွေရေကန်တွေကိုမြင်နေရတာမဆန်းတော့။လယ်ကွင်းစိမ်းစိမ်းတွေမှာတောင်ကြာပန်းဖြူဖြူသေးသေးလေးတွေကိုတွေ့ရတတ်သေးသည်။ရှောင်ကျန့်ကကြာပန်းအဖြူရောင်ကိုသိပ်ကြိုက်သည်။ဒါပေမယ့်ကြာပန်းအဖြူရောင်ကဆေးဖက်ဝင်လို့ဉကအစသွားရောင်းကြသည်။ဝတ်ဆံဖြူဖြူတွေကိုဆေးဖော်စပ်ရာတွင်သုံးကြသည်ဆိုဘဲ...။
"ကျန့်...ဘာတွေစဉ်းစားနေတာလဲ"
ရိပေါ်ရှောင်ကျန့်ခါးကိုခပ်တင်းတင်းဖက်လိုက်ပြီးရင်ခွင်ထဲကချစ်ရသူငုံ့မေးလိုက်သည်။ကြာပန်းလသာဆောင်ကိုရောက်ပြီးကတည်းကငြိမ်ကြသွားတာ။ကြာပန်းလသာဆောင်ကလူဝင်ခွင့်ကန့်သတ်ထားတာကြောင့်သူနဲ့ခပ်လှမ်းလှမ်းတွင်အစောင့်အနည်းငယ်သာထားရှိသည်။ကုန်းကုန်းလည်းစားပွဲပြင်ပြီးသူ့အရိပ်အကဲကြည့်ကာခပ်လှမ်းလှမ်းတွင်အခြေအနေစောင့်ကြည့်နေသည်။ရင်ခွင်ထဲကလူသားကတိတ်ဆိတ်လိုက်တာရောက်ထဲကစကားတစ်ခွန်းမှမပြော။
သူ့လိုဧကရာဇ်ကိုများလျစ်လျူရှုရဲတယ်။ညီလာခံမှာတောင်လိုတာထက်ပို၍စကားမပြောသောသူက၊တိတ်တိတ်ဆိတ်ဆိတ်နေရတာကိုသဘောတွေ့သောသူကဒီလူသားသူ့ကိုစကားမပြောတော့သဘော့မတွေ့လှ။သူရဲ့ခပ်ညစ်ညစ်ဉာဏ်ဆိုးတွေထွက်လာတော့သဘောကျစွာပြုံးမိလိုက်တော့သည်။
"အာ့...အရှင်ဘာလုပ်"
ရောက်ကတည်းကသူ့ဘာသူထိုင်ပါ့မယ်ဆိုတော့လည်းမရ၊ရင်ခွင်ထဲအတင်းဆွဲထည့်ကာထိုင်စေသည်။ပြီးတော့အနီးမှရှိသည့်ရံရွှေတော်တွေကိုလည်းအကုန်လွှတ်လိုက်သေးသည်။ဒီလူနဲ့အတူရှိရတာမကြိုက်ပါဘူးဆိုမှသူ့ကိုအတင်းလာလုပ်နေသလိုခံစားရသည်။ သူဘာသူတိတ်တိတ်နေတော့လည်းဟိုမေးဒီမေးလုပ်နေပြန်သည်။နေ့လည်စာရောစားဖြစ်ပါ့မလား။အစမို့ပါရှောင်ကျန့်။ပြီးရင်သူရိုးသွားတော့မှာ...။

YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Fanfictionအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...