"The Queen Hatred His Empire King"
Part- 8
"မင်းရွာကိုခဏပြန်ရမယ်"
"ဟင်..."
"ကိုယ်တော်အကုန်စီစဉ်ပြီးပြီ"
ဒါပေမယ့်နန်းသွေးကိုနန်းပြင်မှာမီးဖွားခွင့်မရှိဘူးမဟုတ်လား။
ဒီဘဝမှာတော့သူတောင်ဘာမှမလုပ်လိုက်ရဘဲသူစွန့်ပစ်ခံလိုက်ရပြီဖြစ်သည်။သူ့ရှေ့ကလူဟာသူချစ်ခဲ့ဖူးသည့်လူမှဟုတ်ပါရဲ့လား။ကြည့်ရတာဆူလျာနီလာတော့မယ်ထင်ပါတယ်...။
သူသွားမယ်...အရှင်နဲ့အဝေးဆုံးနေရာအထိ။အရှင်ဘယ်တော့မှရှာမတွေ့နိုင်အောင်သူထွက်သွားမယ်။
"ဘယ်နေ့သွားရမှာလဲ"
"မနက်ဖြန်
သမားတော်ကြီးပါလိုက်လိမ့်မယ်"သူတို့နှစ်ယောက်ကြားမှာတစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
"ကျန့်အာ...
နန်းတွင်းမှာအနှေးနဲ့အမြန်မင်းကိုယ်ဝန်ဆောင်နိုင်တာကိုသိသွားကြမှာဘဲ
ဒီအတောအတွင်းမင်းတစ်ခုခုဖြစ်မှာကိုယ်တော်ကြောက်တယ်
ဒီကကိစ္စတွေဖြေရှင်းပြီးတာနဲ့ကိုယ်တော်ချက်ချင်းလိုက်လာခဲ့မယ်""ဟုတ်ကဲ့ပါ"
ကိုယ်ဝန်ဆောင်တစ်ယောက်ဟာအခုလို သန္ဓေသားလနုချိန်မှာခရီးဝေးဝေးမသွားသင့်တာအရှင်မသိပေဘူးလား။တောအထပ်ထပ်တောင်အထပ်ထပ်နဲ့သူတို့ရွာငယ်လေးကနန်းတော်နဲ့အတော်အလှမ်းဝေးပါသည်။ခရီးပန်းမည့်ဒဏ်လောက်ကိုသူမမှုတော့ပါ။မနက်ဖြန်အတွက်သူ့မှာအားအင်လုံလုံလောက်လောက်ရှိသည်။သူအတွေးများနေစဉ်သူ့ရင်ဘက်ကနွေးခနဲ့ခံစားလိုက်ရသည်။
"အာ့..."
နှာဘူးဘုရင်ကြီး..။သူခဏခဏစုပ်လိုက်ကိုက်လုပ်နေတာကြောင့်သူ့ပွင့်ချပ်တွေကျိန်းစပ်လာခဲ့သည်။အောက်ကိုမလုပ်ရလည်းကျန်တဲ့နေရာတွေကအသားယူခံရတာမလွတ်။
"ကလေးမွေးရင်ဒီနေရာကနို့ရည်ထွက်မလားမသိဘူးနော်"
"မသိဘူး
နာတယ်အရှင်...မလုပ်ပါနဲ့တော့နော်"ပြီးတော့သူ့ဗိုက်နားမျက်နှာအပ်ကာတရွှတ်ရွှတ်နမ်းသည်။အခုရှောင်ကျန့်မှာဝမ်ရိပေါ်လက်ချက်ကြောင့်အပေါ်ဘက်တစ်ခုလုံးအဝတ်ကင်းမဲ့နေသည်။ဖြူလွနေသည့်ကိုယ်ကအခုတစ်လောအိပ်ရေးပျက်ပြီးပိန်သွားတာကြောင့်ပိုပြီးပါးလျနေသည်။အောက်ကဗိုက်ကတော့သိပ်မထွက်ချင်သေး။သို့သော်လည်းချက်အောက်ပိုင်းနားမှာ သန္ဓေလုံးကိုစမ်းမိနေပြီ။အရင်ဘဝတုန်းကလည်းနေ့စေ့လစေ့မှာတောင်ဗိုက်ကသိပ်မထွက်ခဲ့။
![](https://img.wattpad.com/cover/270028698-288-k836301.jpg)
YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Fanfictionအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...