"The Queen Hatred His Empire King"
Part- 6
For unicode
ရှောင်ကျန့်အခန်းတစ်ခုထဲကိုရောက်နေခဲ့သည်။ဒါပေမည့်သူ့တည်ရှိမှုကိုဘယ်သူမှမသိကြ။အခန်းထဲမှာတော့မှန်တင်ခုံရှေ့မှာယောက်ျားတစ်ယောက်ကတခြားယောက်ျားလေးတစ်ယောက်ကိုဆံပင်ဖြီးပေးနေခဲ့သည်။
"ကျန့်ဆံပင်ကအရမ်းလှတာဘဲ.."
"အို..အရှင်"
အရှင်ကရုတ်တရတ်ငုံ့နမ်းလိုက်တော့ရှောင်ကျန့်တစ်ကိုယ်လုံးကြက်သီးမွှေးညင်းလေးတွေထသွားရသည်။ရှက်သွေးကြောင့်တစ်ကိုယ်လုံးလည်းရဲရဲနီလို့...။သူ့ဆံပင်တွေကတော့အရှင့်လက်ထဲမှာနမ်းရှိုက်ခံနေရသည်။
"နူးညံ့တယ်..
မင်းတစ်ကိုယ်လုံးထိရက်စရာမရှိဘူး""အရှင်တိုးတိုးပြောပါ...
ပါးတို့ကကျွန်တော်တို့ကိုခွင့်ပြုသေးတာမဟုတ်ဘူး"ရိပေါ်ကမှန်မှာပေါ်နေသောရှက်သွေးဖြန်းနေသောသူ့ချစ်သူလေးကိုသိမ်းကျုံးဖက်ပြီးရင်ခွင်မှာမှီစေသည်။
"ကိုယ်တော့်လိုအရှင်ကိုဘယ်သူကငြင်းရဲမှာလဲ"
"ဒါပေမယ့်ကျွန်တော်ကယောက်ျားလေးလေ..
မားတို့ကကျွန်တော်နန်းတော်ထဲလိုက်သွားရမှာမို့စိတ်ပူနေရှာတာ""မင်းလေးရှေ့မှာကိုယ်တော်တစ်ယောက်လုံးရှိပါတယ်"
"ကျွန်တော်ကြောက်မိတယ်အရှင်..."
"အတူနေချင်ပြီကွာ...
ကိုယ့်ချစ်သူနဲ့တစ်ခန်းတည်းနေရတာကိုယ်တော်ဘယ်လောက်စိတ်ထိန်းထားရတယ်မှတ်လဲ""မရဘူးနော်
မင်္ဂလာဦးညမှ..."ဒီစကားကိုတော့ရှောင်ကျန့်ရှက်ရှက်နဲ့ပင်ပြောလိုက်ရသည်။သူ့ချစ်သူဘယ်လောက်စိတ်ထိန်းထားလဲဆိုတာလဲသူသိသည်၊သူကြီးစီစဉ်ေပးထားတဲ့အိမ်ကိုပစ်ပြီးသူ့အိမ်လေးဆီမှာလာအိပ်တည်းကသူ့ကိုမခွဲနိုင်လို့ဆိုတာလည်းသိပါသည်။ဟိုကပြည့်ရှင်မင်းကြီး၊သူတို့အိပ်ခန်းနဲ့ဘယ်လိုမှမအပ်စပ်တာကြောင့်နေ့တွင်းခြင်းဘဲပါးတို့ကသူတို့အတွက်မျက်နှာပူပူနဲ့ဘဲအိမ်တစ်အိမ်စီစဉ်ပေးလိုက်ရသည်။
YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Fanfictionအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...