"The Queen Hatred His Empire King"
Part- 23
For unicode
"ကြင်ယာတော်ရှောင်..
မင်းကြီးမွေးနေ့မှာဘာပေးမယ်လို့စဉ်းစားထားလဲ""ကျွန်တော်မျိုးမစဉ်းစားရသေးပါဘူးမယ်တော်ကြီး"
"ဧကရီကရော..."
"ဝူယွဲ့လည်းမစဉ်းစားရသေးပါဘူးမယ်တော်"
ရှောင်ကျန့်တို့ဒီနေ့မယ်တော်ကြီးအမိန့်ကြောင့်နန်းပြင်ကိုရောက်နေကြသည်။သူတို့သုံးယောက်လုံးဘာအပြင်အဆင်မှမပါဘဲဒီအတိုင်းအရပ်သားတွေကဲ့သို့ဈေးဝယ်ထွက်ကြခြင်းဖြစ်သည်။ပါလာတဲ့ကိုယ်ရံတော်တွေ၊ရံရွှေတော်တွေကခပ်လှမ်းလှမ်းမှာစောင့်ကြည့်နေလျက်။
"ဒီလိုဈေးဝယ်ထွက်ရတာကောင်းတယ်
မင်းတို့ကြိုက်တာသာယူ
ဒီမယ်တော်ရှင်းပေးမယ်""ဝူယွဲ့စာအုပ်တွေဝယ်ချင်တယ်မယ်တော်"
"ကြင်ယာတော်ရှောင်ရော.."
"ကျွန်တော်ပိတ်စတွေဝယ်ချင်တယ်
အပ်ချည်တွေရော..""ကောင်းပြီ"
မယ်တော်ကြီးကနန်းပြင်ထွက်လာရလို့အပျော်ကြီးပျော်နေသည်။မျက်နှာကသိသိသာသာရွှင်လန်းနေသည်။နန်းတော်ကစည်းကမ်းတွေအာဏာတွေပြင်းတဲ့မယ်တော်ကြီးဟာအပြင်ရောက်တော့သူတို့ကိုလုပ်ချင်တာလုပ်ခွင့်ပြုထားသည်။သူတို့တွေစာအုပ်ဝယ်ပြီးတော့ပိတ်စတွေဆက်ဝယ်ကြသည်။
"သခင်လေး..
ဒီပိတ်စကကြာကရတာချည်မျှင်တွေနဲ့ရက်လုပ်ထားတာပါ
အရောင်ကလည်းအစိမ်းဖျော့လေးမို့မျက်စိလည်းအေးပါတယ်
ဝတ်ရတာလည်းသက်တောင့်သက်သာဖြစ်စေပါတယ်
ဈေးနည်းနည်းကြီးပေမယ့်ကျွန်တော်လျှော့ပေးလို့ရပါတယ်သခင်လေး"ရှောင်ကျန့်ပိတ်စကိုကိုင်ကြည့်လိုက်တော့ရက်ထားတာကချောမွေ့နေသည်။အရှင်ကြိုက်တဲ့အရောင်မို့လို့အထည်ပေါ်မှာပန်းထိုးပေးလိုက်မည်။နွေရာသီမှာဝတ်လို့အဆင်ပြေလောက်မှာပါ...
"သူဌေး..
ဈေးပေါ့တဲ့ချည်သားတွေမရှိဘူးလား""ရှိတယ်သခင်လေး
ဒီဘက်မှာပါ"

YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Fanfictionအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...