"The Queen Hatred His Empire King"
Part- 9
For unicode
"မင်းအခုထိဝန်မခံသေးဘူးလား..
တောက်!!"ရွှမ်း..ရွှမ်း
တရားရေးရာအမတ်ကြီးကမင်းကြီးရှေ့မှာမို့သူ့လက်စွမ်းတွေပြနေသည်။ပေါ့ပေါ့တန်တန်မစစ်မေးရဲ။အစေခံတစ်ယောက်သေဆုံးတာကသူရာထူးတိုးတာလောက်အရေးမပါ။မင်းကြီးဆီမှာမျက်နှာရဖို့ကသာအရေးကြီးသည်။ဒီကောင်မလေးကမထိသင့်တဲ့သူကိုသွားထိထားတာ။
မိဖုရားတွေ၊ကိုယ်လုပ်တော်တွေလည်းကြောက်လို့တုန်နေရှာသည်။သူမတို့ကိုဒီလိုမြင်စေချင်တာအကြောက်တရားရိုက်သွင်းပေးချင်လို့ဖြစ်သည်။ကိုယ့်ရှေ့မှာလူတစ်ယောက်လုံးအသတ်ခံနေရမို့တချက်ရိုက်လိုက်တိုင်းသူမတို့တစ်ကိုယ်လုံးပါတချက်တချက်တုန်တက်သွားသည်။
ကိုယ်လုပ်တော်ချင်းဟွဲ့။သူမကိုယ်သူမအားပေးသည့်အနေဖြင့်လက်တွေကိုအချင်းချင်းဆိတ်နေမိသည်။ဟုတ်တယ်...ဒီကောင်မလေးဝန်မခံသရွေ့သူမလွတ်နိုင်တယ်။ဒီအစေခံကိုသူမနှုတ်ပိတ်ပြီးသား။အခုလည်းဝန်မခံသေးဘူးဆိုတော့သူမချိန်းခြောက်ထားတာမှန်သွားသည်ဘဲ...။
ရွှမ်း!!
"အား!!
ခွင့်လွှတ်ပေးပါ
ကျွန်တော်မျိုးမကိုခွင့်လွှတ်ပေးပါအရှင်မင်းကြီး""မင်းမိသားစုကိုနန်းတွင်းကိုေခါ်ထားတယ်
မင်းဝန်မခံရင်မင်းမိသားစုရှေ့မှာဘဲမင်းကိုကွပ်မျက်ပစ်မယ်
မင်းကတော်ဝင်မိသားစုကိုမှလာထိဝံ့တာဆိုတော့ဒီအကျိုးဆက်ကမင်းမိသားစုကိုရောရိုက်ခတ်လိမ့်မယ်ပြော...ဘယ်သူလဲ"
အစေခံမလေးရဲ့နှာခမ်းတွေတဆတ်ဆတ်တုန်နေရှာသည်။သူမကိုကြည့်လာသည့်အကြည့်တွေကြောင့်ကိုယ်လုပ်တော်ချင်းဟွဲ့လည်းဆောက်တည်ရာမရဖြစ်လာခဲ့သည်။
"ဒီအစေခံမသိ..."
"ခေါ်ခဲ့"
"မလုပ်ပါနဲ့အရှင်
ဝန်ခံပါ့မယ်..
ကျွန်တော်မျိုးမဝန်ခံပါ့မယ်""ကျဲကျဲ.!!."
ကောင်ငယ်လေးကအစ်မဖြစ်သူတစ်ကိုယ်လုံးသွေးသံရဲရဲနဲ့ဆိုတော့အတော်လေးလန့်သွားသည်။
အစေခံကောင်မလေးကလည်းမောင်ဖြစ်သူကိုကြိုးတုတ်ပြီးခေါ်လာတော့ကမန်းကတန်းဝန်ခံလာသည်။သူ့မိသားစုထိတော့နာတတ်ကြတာဘဲ..ဟက်။
YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Hayran Kurguအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...