Extra..

16.9K 891 32
                                    

"The Queen Hatred His Empire King"

Extra Part

For unicode

"အာပါပါ..ယာယာ"

‌ဝမ်စုယွီလေးကတစ်လမ်းလုံးကလေးစကားပြောလာခဲ့သည်။ကလေးစကားတွေပြောပြီးသူ့လက်ပေါ်မှာတစ်ယောက်တည်းကဏှာမငြိမ်ပေ။ရှေ့ကသူ့ဘွားတော်ကြည့်လိုက်သူ့နောက်ကလိုက်ပါလာသောရံရွှေတော်တွေကိုကြည့်လိုက်နဲ့၊သူမမြင်ဖူး‌သောအထူးအရာတွေမြင်ရင်လည်းလက်ညှိုးထိုးပြပြီးခေါင်းအငြိမ်မနေနိုင်ဘဲအထူးအဆန်းသဖွယ်ဟိုဒီလျှောက်ကြည့်နေတော့သည်။

"အာပါပါ..ပုပု
ဟွန်းဟွန်း.."

နတ်နန်းဆောင်ရောက်ခါနီးမှာတော့လှေကားအတက်ပေါ်မှာထွင်းထုထားတဲ့ရုပ်ထုကိုမြင်ပြီးကြောက်လို့မျက်နှာလေးကိုမဖော်တော့..။ပြီးတော့ကြောက်လို့ငိုပါတော့သည်။

"အဟင့်..ဟင့်"

"မကြောက်နဲ့...
သားကိုမကိုက်ပါဘူး
ပါးပါးရှိတယ်လေ"

"ဝါး.."

အစကတစ်လှမ်းလုံးစကားများလာတဲ့ကလေးဟာဘီလူးရုပ်ထုကြီးကိုမြင်ပြီးကြောက်လို့ငိုနေပါတယ်။သူလည်းဘယ်လိုလုပ်ရမလဲမသိတော့။ရှေ့ကမယ်တော်ကြီးကလည်းသူ့မြေးငိုလို့လှည့်ကြည့်နေပြီ။

၈လသားအရွယ်စုစုလေးကအရမ်းလန့်တတ်ပြီးသူ့အစ်ကိုငယ်ငယ်ကထက်တောင်ကြောက်တတ်သည်။တစ်ခုခုဖြစ်တိုင်းတတက်တတ်လွန်းလို့သူတို့မှာပိုးမွေးသလိုမွေးထားရသည်။

"မရှိတော့ဘူးနော်..
ပါးပါးကရိုက်လွှတ်လိုက်ပြီ
သားကိုမကိုက်တော့ဘူး
သားကိုကာကွယ်ဖို့ပါးပါးရောတျဲတျဲရောရှိတယ်လေ"

"တဲတဲ..အဟင့်"

သူပုဝါစနဲ့စုစုခေါင်းကိုလုံအောင်ခြုံလိုက်ပြီးမျက်လုံးလေးကိုကာပေးထားလိုက်သည်။ပြီးတော့လှေကားတစ်ထစ်ချင်းတက်ပြီးနတ်နန်းဆောင်ဆီသို့။အစေခံတွေကိုတော့တောင်အောက်မှာနေခိုင်းထားခဲ့သည်။အခုကသူ့ကလေးအကြောင်းဗေဒင်မေးမှာမို့အတွင်းရေးကိုအပြင်ကိုမပေါက်ကြားစေလိုပါ..။

နတ်နန်းဆောင်ရောက်မှပုဝါစလေးကိုဖယ်ပေးလိုက်တော့စုစု‌ေလးကပြန်ပြီးခေါင်းထောင်လာပြန်သည်။‌ဆံပင်ပျော့ပျော့လေးတွေကိုရှေ့နှဖူးအလယ်နားမှာတိပေးထားမှာထိပ်တည့်တည့်မှာတစ်ပုတ်စည်းပေးထားသည်။ဒီ‌နေ့စုစုလေးကိုမင်းညီမင်းသားဝတ်ပန်းနုရောင်ဝတ်စုံလေးနဲ့ကြာပန်းပုံထိုးပေးထားတဲ့ရှူးဖိနပ်လေးကိုဝတ်ဆင်ပေးထားသည်။

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now