"The Queen Hatred His Empire King"
Part- 18
For unicode
အရှင့်ကိုလာနှုတ်ဆက်ကြသောဘုရင်ခံတွေ၊ဝန်ကြီးတွေကြောင့်အရှင်ရောသူရောဝိုင်တော်တော်များများဝင်သွားသည်။သူကအရှင်သောက်မယ့်ဝိုင်တော်တော်များများကိုယူသောက်လိုက်လို့လားတော့မသိဘူး၊နေရတာတမျိုးကြီးဖြစ်လာသည်။ဝိုင်မူးလာတာများလားမသိဘူး...ခန္ဓာကိုယ်ကနေရတာတမျိုးကြီးဖြစ်လာသည်။အသိစိတ်လည်းလွတ်ချင်လာပြီးစိတ်ကမြူးလာသည်။သူကတဏှာကင်းမဲ့နေတာမဟုတ်တဲ့အတွက်သူ့အသွေးအသားလိုအပ်ချက်ကိုရိပ်မိလာသည်။
"အရှင်..ကျွန်တော်အဆောင်ကိုပြန်နှင့်တော့မယ်"
"ကျန့်..မင်းမျက်နှာဘာဖြစ်နေတာလဲ"
"ဝိုင်သောက်တာများသွားလို့နေမှာ"
သူအဆောင်ကိုအမြန်ပြန်မှဖြစ်မည်။မဟုတ်ရင်သူ့ကိုယ်သူမထိန်းနိုင်ဘဲအရှင့်ကိုလူကြားထဲမှာအရှက်ခွဲသလိုဖြစ်သွားလိမ့်မည်။အဆောင်ကိုအပြေးတပိုင်းပြန်ခဲ့တော့မုန့်ယွီကစိုးရိမ်တကြီးမေးလာခဲ့သည်။
"သခင်လေးဘာဖြစ်လာတာလဲ"
"ငါ့အခန်းထဲကိုဘယ်သူမှဝင်မလာစေနဲ့
ရှောင်ယွီကိုရောဘဲ"သူအခန်းထဲကိုအမြန်ဝင်ကာအထဲကဂျက်ထိုးထားလိုက်သည်။သူဘာဖြစ်တာလဲသိလိုက်ပြီ။အခုသူ့ကိုယ်သူတောင်ထိန်းချုပ်ရခက်နေသည်။အရှေ့ရောအနောက်ကပါလိုအပ်နေပြီ။
"ဟင့်..ဟင်း"
.
.
.
.
.
"မင်းတို့သခင်လေးဘယ်မှာလဲ""အခန်းထဲမှာပါ"
"ဟင်း..ဟင့်"
"ကျန့်..မင်းဘာဖြစ်နေတာလဲ
ကျန့်...တံခါးဖွင့်စမ်း"သခင်လေးကဘယ်လောက်ဘဲမှာခဲ့မှာခဲ့သူမတို့မှာအရှင်မင်းကြီးကိုတားနိုင်စွမ်းမရှိပါ။ဝမ်ရိပေါ်ကအထဲကမဖွင့်ပေးတော့တံခါးကိုပိတ်ကန်ပစ်လိုက်သည်။
ဘန်း!!
တံခါးကပျက်စီးကာကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ကုတင်ပေါ်မှာသူ့ကြင်ယာတော်ကဖရိုဖရဲအနေအထားနဲ့...။သူဒီမြင်ကွင်းကိုဘယ်သူ့မှမမြင်စေလို။
YOU ARE READING
"The Queen Hatred His Empire King" (COMPLETED)
Fiksi Penggemarအသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးနဲ့ရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...အသက်က၂သက်တောင်။သူနဲ့သူ့ကလေး...။ဒီတစ်ခါတော့သူ့ကလေးဘာမှမဖြစ်အောင်ကာကွယ်နိုင်ရမယ်မဟုတ်လား...။ အသက်တစ်ချောင်းကတန်ဖိုးကြီးတယ်ဆိုတာဘဝတစ်ခုလုံးကိုရင်းပြီးသိလိုက်ရပြီ။မဟုတ်ဘူး...