Part- 12

13.9K 1.1K 18
                                    

"The Queen Hatred His Empire King"

Part- 12

For unicode

"အား!

ဝမ်ရိပေါ်အိပ်မက်ဆိုးတွေမက်နေခဲ့သည်။သူ့တစ်ကိုယ်လုံးချွေးတွေစိုရွှဲနေပြီးအသက်ပြင်းပြင်းရှူနေရသည်။အိပ်မက်ထဲမှာရှောင်ကျန့်ကခက်ခက်ခဲခဲကလေးမွေးနေခဲ့ပြီးအရင်ဘဝကလိုမျိုးဘဲမှိတ်ထားတဲ့မျက်လုံးတွေပြန်ဖွင့်မလာခဲ့တော့...။သူကြောက်သည်..သူ့နောက်ကွယ်မှာအိပ်မက်ထဲကလိုဘဲရှောင်ကျန့် ဒုက္ခရောက်နေမှာကိုသူကြောက်သည်။နောက်ဆုံးတစ်ကြိမ်လေးတောင်မတွေ့လိုက်ရဘဲသူတို့ဝေးကွာသွားမှာကိုသူကြောက်လှပါသည်။

အခုထိတောင်သူတို့ရှောင်ကျန့်သတင်းမရသေး။ဘယ်နေရာမှာများပုန်းနေတာလဲကျန့်ရယ်...
.
.
.
.
.
.
"အား!!"

ရှောင်ကျန့်တစ်ကိုယ်လုံးချွေးတွေပျံနေပြီ။ကလေးကထွားလို့မွေးရခက်နေသည်။
မနက်အစောကြီးဗိုက်နာလာတာကြောင့်ရှောင်ဝူခမျာရွာထဲကဆေးဆရာတစ်ယောက်ကိုသွားပင့်လိုက်ရသည်။ဒီအချိန်ကအိပ်ချိန်ဖြစ်သောကြောင့်ရွာထဲကလူတွေလည်းမနိုးကြသေး။ရေနွေးကျိုတာကအစ၊အသေးမွှားအဆုံးရှောင်ဝူတစ်ယောက်တည်းနဲ့လက်မလည်နိုင်ဖြစ်နေသည်။

သူကကောတစ်ယောက်မို့မွေးလမ်းကြောင်းကမီးဖွားမည့်အချိန်တွင်ပွင့်လာခဲ့သည်။မွေးလမ်းကြောင်းကကြွက်သားတွေကလည်းပျော့ပြောင်းလာပြီးအလိုအလျောက်မွေးဖွားနိုင်အောင်တွန်းအားပေးသည်။သားအိမ်ကလည်းညှစ်အားလာနေသောကြောင့်သူနာလွန်းလို့မျက်ရည်တွေကျလာခဲ့သည်။ဆေးဆရာကလည်းဗိုက်အပေါ်ကတွန်းအားပေးသောကြောင့်နောက်ဆုံးတစ်ကြိမ်အားတင်းလိုက်သည်။အရင်ဘဝတုန်းကလိုသူ့ကလေးဘာမှမဖြစ်စေရဘူး။သူတို့ရှင်သန်ရမယ်...။

"အား!!"


"အန့်...အန့်!!!"(ကလေးငိုသံ)

"ယောက်ျားလေးပါဗျာ..
တစ်တုံးတစ်ခဲကြီးဘဲ"

သူလုပ်နိုင်ခဲ့ပြီ။သူ့ကလေး..
ရှောင်ကျန့်ဝမ်းသာမျက်ရည်တွေကျလာခဲ့သည်။ရှောင်ဝူကလည်းငိုနေသည်။သူမလေးကတော့ရှောင်ယွီလေးရဲ့မွေးစားမေမေဘဲဖြစ်ပါတယ်။သူ့ကလေးနဲ့သူရှောင်ဝူရှိလို့ဒီအထိရပ်တည်နိုင်တာဖြစ်သည်။

"The Queen Hatred His Empire King" (COMPLETED)Where stories live. Discover now