Chapter - 1

4.2K 187 12
                                    

[ Zawgyi ]

အချစ်ဆိုတဲ့ဓာတ်ပြုမှုလေးက အချိန်မရွေး နေရာမရွေး
ယုတ်စွအဆုံး အသက်အရွယ်မရွေးပါဘဲနှင့် ဖြစ်ပေါ်လာနိုင်တယ်ဆိုတာ ခင်ဗျားတို့ယုံကြည်ကြလား. .။

ညက fiction တစ်ပုဒ်ကိုအဆုံးထိဖတ်​နေရင်း
အိပ်ချိန်​နောက်ကျသွားတာမို့ ကျွန်မ မျက်လုံးတွေ
မဖွင့်ချင်သေးဖူး။ နေရောင်က တစ်ကိုယ်လုံးကိုအပူ
ဓာတ်ပေးပြီး လှုပ်နိုးနေလဲ ခပ်ချေချေပဲ စောင်ခြုံကာ
ပြန်အိပ်နေလိုက်တယ် ။

"လီလီ သမီးရေ ထတော့လေ ဆိုင်ကိုသွားရအုံးမယ် "

အိမ်ရဲ့နှိုးစက်ဖြစ်သူ Eomma တစ်ယောက်ကတော့
မထဖူးဆိုရင်တောင် ရေနဲ့ပက်နိုးမဲ့သူမျိုးမို့ မဖြစ်သေးဖူးထအုံးမှပါ​လေ ။ မျက်နှာသစ်ရင်းး ညက အတော်
ငိုခဲ့ရတာကို ပြန်တွေးမိသွားရင်း ရယ်နေမိတယ် ။

Lisa's mind-"ငါလဲ ဘာမှမဟုတ်တာလေးကို ငိုနေ
လိုက်တာ "

အမေတစ်ခု သမီးတစ်ခုပဲရှိတဲ့ ကျွန်မရဲ့ဘဝလေးက
သိပ်ပြီး ရိုးရှင်းပါတယ်. .။ ရှေ့နေတစ်ယောက်ဖြစ်ဖို့
အတွက် ကြိုးစား​နေတဲ့ အသက်ဆယ့်ခုနှစ်နှစ်အရွယ်
ကောင်မလေးတစ်ယောက်သာ. .။

ဒီနေ့မှဘဲ ကော်ဖီဆိုင်သေးသေးလေးမှာလူရှင်းနေ
တယ်. .။ လူရှင်းတယ်ဆိုတာတစ်ခြားအကြောင်း​တော့မဟုတ် အပြင်မှာမိုးဖွဲဖွဲလေးကျနေတာကြောင့်ပင်. .။

ထိုအချိန် တံခါးကိုဖွင့်လိုက်သံနှင့်အတူ ဆိုင်ထဲကို
ခပ်သုတ်သုတ်ပြေးဝင်လာတဲ့ အမျိုးသမီး. .။

"Hot Americano တစ်ခွက်ပေးပါ "

လက်တစ်ဖက်က Laptop ကိုကိုင်ထားပြီး တစ်ခြားတစ်ဖက်ကတော့ စာအုပ်လိမ္မော်ရောင်လေးနှင့်
ဆိုင်ရဲ့ ထောင့်စွန်းထိုင်ခုံလေးမှာ သူမဝင်ထိုင်လိုက်
တယ်။

သူမ. .သူမဆံနွယ်လေးတွေမှာ ရေစက်လေးတွေ
တွဲခိုကျနေတာလေးက ဆွဲဆောင်မှုရှိလိုက်တာ ။ စည်းထားတဲ့ဆံပင်တွေကို ဖြန့်ချလိုက်ပြီး ရှေ့က တစ်ရှူးကိုယူကာရေတွေကို သုတ်နေပြန်တယ် ။ ဒီအမကြီးဟာ မိန်းကလေးချင်းတောင် လည်ပြန်ငေးရလောက်တဲ့အထိ လှပတယ် ။

Meaning Of YouWhere stories live. Discover now