Chapter - 15

601 79 16
                                    

[ Unicode ]

"ဘာ. .ဘာကိစ္စရှိလို့လဲ "

"အိမ်ထဲအရင်ခေါ်ပါ "

သူမရဲ့ပုံစံဟာ တည်ငြိမ်သွားတယ် ။ သူမရဲ့ အသံ
ဟာလဲ တည်ငြိမ်နေသလိုဘဲ အကြည့်တွေဟာလဲ
အရင်ကလောက် မလေးနက်တော့သလို. .။

"ကျွန်မမှာအလုပ်တွေရှိသေးတယ်. .ပြောစရာရှိရင်
ဒီမွာဘဲ ပြောပါ "

"အလုပ်ကိစ္စပြောစရာရှိတာ "

အော် အလုပ်ကိစ္စ ။ သူမဟာတခြားအကြောင်းအရာ
ကြောင့်လာတာမဟုတ်ဘဲ အလုပ်ကိစ္စကြောင့်တဲ့လား။
တခြားအကြောင်းအရာကြောင့်လို့မျှော်လင့်မိနေတဲ့
ကျွန်မကမှားတာပါ ။

"ဒါဆိုလဲ ဝင်လေ. .ခနလောက်ထိုင်စောင့်ပေးမလား
ကျွန်မဖိုင်လေးတွေသိမ်းချင်လို့ "

သူမကိုအိမ်ထဲခေါ်ရင်း ဧည့်ခန်းမှာဘဲ စောင့်နေခိုင်း
လိုက်တယ် ။ သူမဟာ အရင်က ကျွန်မရဲ့လူကြီးလို
အိမ်ထဲကိုလှည့်ပတ်ကြည့်တာမျိုးမရှိတော့ဘဲ ထိုင်
နေတဲ့နေရာမှာသာ ငြိမ်ငြိမ်လေးပင် ။

"ရပြီ. .အလုပ်ကိစ္စကဘာများလဲ "

"တို့ကုမ္ပဏီက စီးပွားရေးအကြံပေးရှေ့နေ ဆုံးသွား
လို့လေ အဲ့တာတို့မှာလဲ အချိန်သိပ်မရှိတော့လို့ မင်းရဲ့
အသိတွေထဲမှာများ ရှိမလားလို့ "

"ရှိတာကရှိပါတယ်. .ဒါပေမဲ့ သူတို့ကတခြားကုမ္ပဏီ
တွေနဲ့လက်တွဲထားတာတွေများတော့ မေးတော့
မေးကြည့်ပေးမယ်လေ "

"မနက်ဖြန် စာချုပ်ချုပ်စရာရှိလို့. .မနက်ဖြန်အမှီ
သူတို့ကိုချိန်းပေးလို့မရဖူးလား. .အရေးကြီးတဲ့
စာချုပ်မို့လို့လေ "

"ကြိုးစားကြည့်ပေးမယ်. .ဘယ်အချိန်လောက်လဲ "

"10နာရီခွဲမို့လို့ အချိန်တိကျမှဖြစ်မယ်နော်. .တို့ကုမ္ပဏီ
ကိုဘဲလွှတ်လိုက်ပါ. .လစာက မနည်းစေရဖူး တို့စီစဉ်
ပေးမယ် မနက်ဖြန်ရအောင်သာ လုပ်ပေးပါ "

"ကောင်းပါပြီ "

အလုပ်ကိစ္စဆို အလုပ်ကိစ္စလောက်သာပြောပြီး
ထြက္သြားတဲ့ သူမ ။ ကျွန်မမှာလဲ ခံစားချက်တွေ
မရှိတော့သလိုဘဲ ။ ထို့နောက် အသိတွေထဲမှာ
အားနိုင်လောက်မဲ့လူတွေကို ဖုန်းဆက်ရှာရင်းးနှင့်
ညတောင်အတော်နောက်ကျလာပါရော ။

Meaning Of YouDonde viven las historias. Descúbrelo ahora